ဇာတ်ကားများ ရွေးရန်

Frozen

2010ဇာတ်ကားအမှတ် 6.0/1093 မိနစ်

ဒန်က ချစ်သူရပြီးနောက် သူငယ်ချင်းတွေကို အရင်လောက် အချိန်မပေးတော့ဘဲ ချစ်သူကိုပဲ ဦးစားပေးနေပါတယ်။ သူ့ချစ်သူ ပါကားကလည်း ယောက်ျားလေးသူငယ်ချင်းတွေ သီးသန့်အချိန်ဖြုန်းချင်တာကို နားမလည်ဘဲ ဒန်နဲ့အတူ နေရဖို့ နှင်းလျှောစီးခရီးကို လိုက်လာတယ်။ ဂျိုးကတော့ ချစ်သူနှစ်ယောက်ကြား ပိုနေတဲ့လူ ဖြစ်ချင်ဖြစ်ပါစေ၊ ငယ်သူငယ်ချင်းနဲ့ အရင်လို အမှတ်တရတစ်ခု ပြန်ဖန်တီးချင်နေသူပါ။ ဒီလို ရည်ရွယ်ချက်ကိုယ်စီနဲ့ သူတို့သုံးယောက် Mt. Holliston တောင်ပေါ်ကို နှင်းလျှောစီးဖို့ ရောက်လာကြပါတယ်။ သုံးယောက်ကြားက ကတောက်ကဆတွေရှိနေတဲ့ ဒီခရီးမှာ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့ အန္တရာယ်တွေပါ ကြုံလာရပြီး ရေခဲတောင်ပေါ်မှာ အသက်ရှင်ဖို့ ရုန်းကန်ကြရတော့တယ်။

ဇာတ်လမ်းအကြောင်း