ဇာတ်ကားများ ရွေးရန်

Rowdy Boys

2022ဇာတ်ကားအမှတ် 7.0/10145 မိနစ်

လက်က်ဇ်ဂေစီအင်ဂျင်နီယာကျောင်းနဲ့ ဘရာမာဆေးကျောင်းတို့က မျက်နှာချင်းဆိုင်မှာ ရှိပေမယ့် လုံးဝမတည့်ကြတဲ့ ကျောင်းနှစ်ကျောင်းပါ။ အင်ဂျင်နီယာကျောင်းဘက်မှာ ဗစ်ရှ်ဟွာက ခေါင်းဆောင်ဖြစ်ပြီး ဆေးကျောင်းဘက်မှာတော့ ဗစ်ခရမ်ရှိတယ်။ ကိုယ်ဘာဖြစ်ချင်မှန်းတောင် ရေရေရာရာမသိသေးတဲ့ ပထမနှစ်အင်ဂျင်နီယာကျောင်းသား အက်ရှ်ရှေက တစ်နေ့မှာ ဆေးကျောင်းထဲ မှားဝင်မိသွားပါတယ်။ အဲဒီမှာ ကာဗီရာကို သဘောကျသွားပြီး ရည်းစားစာပါ ပေးလိုက်တယ်။ ကာဗီရာက ဗစ်ခရမ်သဘောကျနေတဲ့ မိန်းကလေးဖြစ်သလို သူတို့နှစ်ယောက်လုံးကလည်း ဆေးကျောင်းမှာ စာအတော်ဆုံး၊ ကျောင်းဂုဏ်ဆောင် ကျောင်းသားတွေပါ။ ဗစ်ခရမ်က တခြားလူတွေ ကာဗီရာကို ကြည့်တာလေးတောင် သည်းမခံနိုင်တဲ့သူမျိုး။ ဒီကြားထဲ ရန်ဘက်အင်ဂျင်နီယာကျောင်းက ကောင်လေးကို ကာဗီရာက သဘောကျလာတဲ့အခါ ဘာတွေဖြစ်လာမလဲ။ အက်ရှ်ရှေကလည်း ကာဗီရာရဲ့အချစ်ကိုရဖို့ ဘယ်လိုကြိုးစားရမလဲ၊ ကျောင်းနှစ်ကျောင်းရဲ့ ရန်ငြိုးတွေကြားမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း