Onoda: 10,000 Nights in the Jungle
၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ The Guardian သတင်းစာက ဆယ်စုနှစ်သုံးခုကြာ အညံ့မခံခဲ့တဲ့ ဂျပန်စစ်သား ဟိရိုးအိုနိုဒ ကွယ်လွန်တဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ပြင်သစ်ဒါရိုက်တာ Arthur Harari ရိုက်ကူးထားတဲ့ ဒီအတ္ထုပ္ပတ္တိရုပ်ရှင်က အိုနိုဒ ဖိလစ်ပိုင်ကို ရောက်လာချိန်ကစပြီး တောထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ ဘဝကို ပြထားတာပါ။ ၁၉၄၂ ခုနှစ် နှစ်လယ်လောက်မှာ ဂျပန်က ဖိလစ်ပိုင်ကျွန်းစုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅ ခုနှစ်အစမှာတော့ ဂျပန်ဘက်က စစ်ရေးအရ အရေးနိမ့်လာတယ်။ အဲဒီအချိန်မှာ လက်ဖတင်နင်အိုနိုဒဟာ ဖိလစ်ပိုင်က ကျွန်းတွေ အမေရိကန်လက်ထဲ မကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့ပါတယ်။ မလာခင် တက်ခဲ့ရတဲ့ လျှို့ဝှက်စစ်သင်တန်းမှာလည်း အတတ်နိုင်ဆုံး အသက်ရှင်အောင်နေပြီး ဆက်တိုက်ဖို့ကို အဓိကသင်ပေးထားတယ်။ ရောက်ရောက်ချင်း အကြီးအကျယ်အရေးနိမ့်ခဲ့ပေမယ့် အိုနိုဒတို့က ပင်မတပ် အင်အားပြန်စုစည်းပြီး လာတိုက်မယ့်အချိန်ကို စောင့်နေကြပါတယ်။ သူတို့ဘက်မှာ လေးယောက်ပဲ ကျန်တော့ပေမယ့် ဖိလစ်ပိုင်တောထဲမှာ မသေရုံစားသောက်ပြီး အားမလျှော့ဘဲ နေကြတယ်။ အဲဒီနှစ်မှာပဲ ဟိရိုရှိမနဲ့ နာဂစခိ အနုမြူဗုံးကြဲခံရပြီးနောက် ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံဖို့ တိုကျိုက အမိန့်ပေးလိုက်ပေမယ့် အိုနိုဒတို့က မသိခဲ့ကြပါဘူး။ စစ်ပြီးသွားပြီဆိုတာ မသိဘဲ ဂျပန်ပြန်အသာစီးရလာမယ့်အချိန်ကို မျှော်လင့်နေတဲ့ အိုနိုဒဟာ တောထဲမှာ ၂၉ နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ အမိမြေကိုချစ်တဲ့စိတ်နဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း ရက်ပေါင်းတစ်သောင်းခန့် အသက်ဆက်ခဲ့ရတဲ့ သူ့ဘဝကို ရိုက်ကူးထားပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း