ဇာတ်ကားများ ရွေးရန်

Panama

2022ဇာတ်ကားအမှတ် 5.2/10100 မိနစ်

Iran-Contra အရေးအခင်းကာလကို အခြေခံထားတဲ့ ဒီဇာတ်လမ်းမှာ Mel Gibson က အမေရိကန်ကာကွယ်ရေးဌာနရဲ့ ကန်ထရိုက်တာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပနားမားအခြေစိုက် အမေရိကန်ခံတပ်ကနေ စီအိုင်အေအကူအညီနဲ့ Contra တွေဘက်ကို လက်နက်ထောက်ပံ့နေကြပေမယ့် ထုတ်ပြန်ချက်တစ်ခုကြောင့် ဆက်ထောက်ပံ့လို့ မရတော့ဘူး။ ဒါကြောင့် တခြားနည်းလမ်း ရှာကြရပါတယ်။ ဒီအစီအစဉ်ရဲ့ ပထမဆုံးတာဝန်က ဆိုဗီယက်ရဟတ်ယာဉ်တစ်စင်း ဝယ်ပြီး တစ်ဖက်ဆီ ပို့ပေးဖို့ပါ။ တာဝန်ယူဖို့ ရွေးချယ်ခံရသူက တပ်ဖွဲ့ဝင်ဟောင်း ဂျိမ်းစ်ဘက်ကာ။ သူက ခေါင်းမာပြီး ထင်ရာစိုင်းတတ်လို့ တာဝန်ပေးသူတွေက စိတ်မချကြပေမယ့် ဒီအလုပ်အတွက် အသင့်တော်ဆုံးလူဖြစ်နေတာကြောင့် ပနားမားကို လွှတ်လိုက်ကြတယ်။ တာဝန်ထမ်းဆောင်နေတုန်း ဘက်ကာဟာ ပနားမားကို အမေရိကန်ကျူးကျော်တဲ့ကိစ္စထဲပါ ဝင်ပါမိသွားပါတယ်။ အဲဒီအခြေအနေမှာ သူဘာတွေဆက်ကြုံရမလဲ၊ ရဟတ်ယာဉ်ပို့ဆောင်ရေးတာဝန်ကရော အောင်မြင်နိုင်မလားဆိုတာကို ဆက်ပြထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း