L.O.R.D: Legend of Ravaging Dynasties
စိတ်ကူးယဉ်နယ်မြေ ယာစီးလန်မှာ အုပ်ချုပ်သူတွေကို အဆင့် ၁ ကနေ ၇ အထိ ခွဲထားပြီး တစ်ယောက်စီမှာ ကိုယ့်နေရာကို ဆက်ခံမယ့်တပည့်တစ်ယောက်စီ ရှိကြပါတယ်။ သူတို့အားလုံးကိုတော့ ပိုင်ရင်းဘုန်းတော်ကြီးသုံးပါးက ထိန်းချုပ်ထားတယ်။ Kris Wu သရုပ်ဆောင်ထားတဲ့ အဆင့် ၇ အုပ်ချုပ်သူက သူ့ရဲ့ဆက်ခံသူတပည့်ကို ရှာဖွေနေပါတယ်။ တစ်ဖက်မှာလည်း ယာစီးလန်ရဲ့ ပုန်ကန်သူတွေလို့ သတ်မှတ်ခံထားရတဲ့ အဆင့် ၅ အုပ်ချုပ်သူနဲ့ သူ့တပည့်ကို လိုက်လံသတ်ဖြတ်နေကြတယ်။ အဲဒီအဖြစ်အပျက်တွေကြားမှာ အဆင့် ၆ အုပ်ချုပ်သူရဲ့အကြောင်းနဲ့ လွန်ခဲ့တဲ့လေးနှစ်က အဖမ်းခံခဲ့ရတဲ့ အဆင့် ၁ အုပ်ချုပ်သူရဲ့အကြောင်းတွေပါ ဆက်နွယ်လာပါတယ်။ ၂၀၁၆ ခုနှစ်ထွက် ဒီဇာတ်ကားကို လူသရုပ်ဆောင်တွေနဲ့ အန်နီမေးရှင်း ရောစပ်ဖန်တီးထားပြီး Kris Wu၊ Fan BingBing၊ William Chan၊ Yang Mi နဲ့ TF boys အဖွဲ့တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း