ဇာတ်ကားများ ရွေးရန်

Eastern Promises

2007ဇာတ်ကားအမှတ် 7.4/10101 မိနစ်

ပိုကောင်းတဲ့ဘဝတစ်ခု ရချင်တဲ့ ရုရှားအမျိုးသမီးတစ်ယောက်ဟာ နိုင်ငံခြားပြန်သူငယ်ချင်းရဲ့ အလုပ်ကောင်းကောင်းရမယ်ဆိုတဲ့စကားကို ယုံပြီး လန်ဒန်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လန်ဒန်က ဆေးရုံတစ်ရုံမှာ ကလေးမွေးရင်း အသက်ဆုံးရှုံးသွားခဲ့တယ်။ သူ့ကို ကလေးမွေးပေးခဲ့တဲ့ သားဖွားဆရာမက ရုရှားဘာသာနဲ့ ရေးထားတဲ့ ဒိုင်ယာရီတစ်အုပ်ကို မထင်မှတ်ဘဲ တွေ့သွားပါတယ်။ သေဆုံးသူရဲ့မိသားစုကို ဆက်သွယ်ပေးချင်တာကြောင့် ဒိုင်ယာရီကို ဘာသာပြန်ပေးနိုင်မယ့်သူ လိုက်ရှာရာက ဒီသေဆုံးမှုနောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်နေကြောင်း ပေါ်လာတယ်။ အဲဒီဂိုဏ်းက ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးမှုတွေ လုပ်ကိုင်နေပြီး အာဏာပိုင်တွေ အသည်းအသန်လိုက်ဖမ်းနေတဲ့ နာမည်ကြီးဂိုဏ်းတစ်ဂိုဏ်းပါ။ သေဆုံးသွားတဲ့အမျိုးသမီးက ဒီဂိုဏ်းနဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲ။ မိသားစုကို ရှာပေးဖို့ ကြိုးစားနေတဲ့ သားဖွားဆရာမကရော ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ၊ အဖြစ်မှန်ကို ဖော်ထုတ်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း