Against the Ice
အာတိတ်မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တို့ နယ်မြေသစ်တွေ ရှာဖွေနေကြတဲ့ခေတ်ကို နောက်ခံထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားပါ။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းမှာ နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခုကို တွေ့ရှိထားတယ်လို့ အမေရိကန်ဘက်က အဆိုပြုလာပါတယ်။ ဒိန်းမတ်စူးစမ်းရှာဖွေရေးအဖွဲ့တစ်ဖွဲ့က အဲဒီအဆို မမှန်ကြောင်း သက်သေပြဖို့ ထွက်သွားရင်း ပျောက်ဆုံးသွားခဲ့တယ်။ လူစွန့်စားနှစ်ဦးဟာ ပျောက်ဆုံးနေတဲ့အဖွဲ့ကို ရှာဖွေရင်း ဒိန်းမတ်နယ်မြေကို အမေရိကန်က ပိုင်ဆိုင်မသွားစေဖို့ သက်သေအထောက်အထား ရှာကြရပါတယ်။ ရာသီဥတုဆိုးရွားပြီး အသက်ရှင်ဖို့တောင် ခက်ခဲတဲ့ ရေခဲပြင်ကြီးထဲက သူတို့ရဲ့စွန့်စားမှုတွေနဲ့အတူ နှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ကိုပါ ဖော်ပြထားတယ်။ အဓိကဇာတ်ကောင်အဖြစ်တော့ Game of Thrones ထဲမှာ Jaime Lannister အဖြစ် သရုပ်ဆောင်ခဲ့သူ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း