ဇာတ်ကားများ ရွေးရန်

Homesick

2015ဇာတ်ကားအမှတ် 6.1/1098 မိနစ်

ဘဲလေးအကသင်တန်းဆရာမ ရှာလိုတေးဟာ ငယ်ငယ်ကတည်းက မိတကွဲဖတကွဲ ကြီးပြင်းလာခဲ့ရသူပါ။ အရက်သမားဖြစ်တဲ့အဖေက ဆေးရုံတက်နေရပြီး အမေကလည်း စာပေပိုင်းမှာပဲ စိတ်ဝင်စားနေတယ်။ ရှာလိုတေးက သူငယ်ချင်း မာတေးနဲ့အတူ နေလေ့ရှိပြီး မာတေးရဲ့အစ်ကိုနဲ့လည်း ချစ်သူတွေဖြစ်နေပါတယ်။ ရှာလိုတေးမှာလည်း အစ်ကိုတစ်ယောက်ရှိပေမဲ့ မိဘတွေကွဲသွားကတည်းက မောင်နှမနှစ်ယောက် မတွေ့ဖြစ်ကြတာ ကြာနေပြီ။ အစ်ကိုက သူတို့ကို အရမ်းမုန်းနေပေမဲ့ ရှာလိုတေးကတော့ သူ့အိမ်ကို မကြာခဏ သွားချောင်းကြည့်နေတတ်တယ်။ နောက်ပိုင်း အစ်ကို့ဇနီးရဲ့ နားချမှုကြောင့် မောင်နှမနှစ်ယောက် အတူသွားလာစားသောက်ဖြစ်လာကြပါတယ်။ အဲဒီလို ပြန်ရင်းနှီးလာရင်း သူတို့ကြားက ဆက်ဆံရေးဟာ မောင်နှမသံယောဇဉ်ထက် ကျော်လွန်သွားတဲ့အခါမှာတော့ အခြေအနေက ရှုပ်ထွေးလာတယ်။

ဇာတ်လမ်းအကြောင်း