The Map Against The World
မြေပုံတွေကိုပဲ အားကိုးပြီး ခရီးသွားကြရတဲ့ နန်းတွင်းခေတ်မှာ မြေပုံအမှားတစ်ခုက လူ့အသက်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။ ကင်ဂျောင်းဟို ငယ်စဉ်က သူပုန်တွေ ထကြွလာချိန်မှာ နန်းတွင်းအရာရှိတွေက ကုန်သည်တွေကို တိုက်ခိုက်ဖို့ စေလွှတ်ခဲ့ကြတယ်။ အဲဒီအထဲမှာ ဂျောင်းဟိုရဲ့အဖေလည်း ပါသွားပါတယ်။ အာဏာပိုင်တွေရဲ့အမိန့်ကို မလွန်ဆန်နိုင်လို့ မြေပုံတစ်ခုကို အားကိုးပြီး ထွက်လာခဲ့ကြပေမဲ့ မြေပုံမှားနေတာကြောင့် နှင်းတောထဲမှာ လမ်းပျောက်ပြီး အသက်ဆုံးရှုံးခဲ့ကြရတယ်။ အဖေသေဆုံးခဲ့ရတဲ့အဖြစ်ကို စိတ်နာနေတဲ့ ဂျောင်းဟိုဟာ ကြီးပြင်းလာတဲ့အခါ ကိုယ်တိုင်ခရီးတွေထွက်ပြီး နှစ်နဲ့ချီ မြေပုံရေးဆွဲခဲ့ပါတယ်။ တခြားကိစ္စတွေမှာ မကျွမ်းကျင်ပေမဲ့ မြေပုံဆွဲရာမှာတော့ သစ်ပင်ကအစ မလွဲအောင် ဆွဲနိုင်သူမို့ အရူးမြေပုံဆွဲသမားလို့တောင် ခေါ်ကြတယ်။ တစ်နေ့မှာ နန်းတွင်းအင်အားကြီးနှစ်ဖွဲ့ကြား အရှုပ်အရှင်းတွေ ဖြစ်လာပြီး ဂျောင်းဟိုရဲ့မြေပုံကို မဖြစ်မနေ ရယူဖို့ လိုလာကြပါတယ်။ ကိုယ့်အသက်ထက် တန်ဖိုးထားပြီး ရေးဆွဲခဲ့တဲ့ ဒီမြေပုံကို ဂျောင်းဟို ဘယ်လိုကာကွယ်မလဲ။
ဇာတ်လမ်းအကြောင်း