Memory Box
နှင်းတွေထူထပ်နေတဲ့ မွန်ထရယ်မြို့ရဲ့ ခရစ်စမတ်နေ့တစ်နေ့မှာ အဲလက်စ်၊ အမေဖြစ်သူ မိုင်ရာနဲ့ အဘွားဖြစ်သူ တီတာတို့ဆီ ပါဆယ်ပုံးတစ်ပုံး ရောက်လာပါတယ်။ ပုံးထဲမှာတော့ မိုင်ရာ ငယ်ငယ်က သူငယ်ချင်း လီဇာဟာဘားဆီ ပို့ခဲ့တဲ့ စာတွေ၊ မှတ်စုစာအုပ်တွေ၊ တိပ်ခွေတွေနဲ့ ဓာတ်ပုံတွေ ပါလာတယ်။ မိုင်ရာနဲ့ တီတာတို့က ပုံးကို ဖွင့်မကြည့်ဖို့ ပြောပေမယ့် အဲလက်စ်က သိချင်စိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းကြည့်မိပါတယ်။ အဲဒီပစ္စည်းတွေကနေ လစ်ဘနွန်ပြည်တွင်းစစ်အတွင်း နေထိုင်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ပြန်လည်မြင်တွေ့လာရတာပါ။ လစ်ဘနွန်ပြည်တွင်းစစ်ကို နောက်ခံထားတဲ့ ကနေဒါနဲ့ ပြင်သစ် ဒရာမာဇာတ်ကားဖြစ်ပြီး စစ်အတွင်းက ဓာတ်ပုံအစစ်တွေ၊ တိပ်ခွေအစစ်တွေကို ဇာတ်လမ်းနဲ့ ချိတ်ဆက်အသုံးပြုထားပါတယ်။
ဇာတ်လမ်းအကြောင်း