Silver Man
အသက် ၆၁ နှစ်အရွယ် Lee Soon Chul ဟာ အငြိမ်းစား အစိုးရဝန်ထမ်းတစ်ယောက်ပါ။ ဇနီးဆုံးသွားပြီးနောက် တစ်ယောက်တည်း ဆက်မနေချင်တော့လို့ ကိုယ့်အသက်ကို အဆုံးစီရင်ဖို့အထိ စိတ်ကူးနေခဲ့တယ်။ တစ်နေ့မှာတော့ ဆေးလ်ဗားမန်းဆိုတဲ့ အမြန်ချောပို့စင်တာကို စိတ်ဝင်စားသွားပြီး စိတ်ပြေလက်ပျောက် အလုပ်လုပ်ကြည့်ဖို့ သွားလျှောက်ခဲ့ပါတယ်။ ဒီစင်တာက အလုပ်ရှာရခက်တဲ့ အသက် ၆၀ ဝန်းကျင် လူကြီးတွေကို ချောပို့အလုပ် ပေးတဲ့နေရာပါ။ Lee Soon Chul က အလုပ်ရပေမယ့် စာချုပ်ချုပ်တဲ့အခါ ငွေကြိုသွင်းရမယ့်အချက်ကို သဘောမကျလို့ မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သိချင်တာရှိရင် မနေနိုင်တဲ့သူဆိုတော့ အဲဒီက ချောပို့သမားတစ်ယောက်ကို ငွေတစ်သောင်းပေးပြီး ပစ္စည်းပို့တဲ့နောက် တောက်လျှောက် လိုက်ကြည့်ခဲ့ပါတယ်။ ဒီလိုနဲ့ သိချင်စိတ်ပြင်းပြပြီး ဘာမဆို ဝင်ပါချင်တဲ့ Lee Soon Chul နဲ့ အသက်ကြီးနေပြီဖြစ်ပေမယ့် ဝင်ငွေအတွက် အလုပ်လုပ်နေရသေးတဲ့ ချောပို့သမားတို့ အတူသွားလာဖြစ်ကြတယ်။ ပစ္စည်းတွေ လိုက်ပို့ရင်း သူတို့နှစ်ယောက် ကြုံရတဲ့ ပြဿနာနဲ့ အဖြစ်အပျက်တွေကို ဆက်ပြထားတဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း