The Enforcer
စထရေးဟာ လမ်းဘေးတိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ နာမည်ရနေတဲ့ ဖိုက်တာတစ်ယောက်ပါ။ မိုင်ယာမီကို အုပ်စိုးထားတဲ့ မြေအောက်အဖွဲ့ရဲ့ခေါင်းဆောင် အက်စတယ်က သူ့လိုလူမျိုးကို ရှာနေရာက ပြိုင်ပွဲတစ်ခုမှာ တွေ့သွားပြီး အလုပ်ခန့်လိုက်ပါတယ်။ စထရေးကို သင်ကြားပေးရမယ့်သူက အက်စတယ်ရဲ့လူယုံ ကူဒါဖြစ်တယ်။ ကူဒါက ထောင်ကနေ ပြန်လွတ်လာသူဖြစ်ပြီး မကြာခင် ဆယ့်ခြောက်နှစ်ပြည့်တော့မယ့် လိုလာဆိုတဲ့ သမီးတစ်ယောက် ရှိပါတယ်။ လိုလာကတော့ အဖေထောင်ကျနေခဲ့လို့ သူ့အပေါ် တာဝန်မကျေခဲ့တာတွေကို စိတ်ခုနေတယ်။ တစ်နေ့ မြို့ထဲသွားရင်း ကူဒါဟာ အလစ်သုတ်တာကို ဆိုင်ရှင်မိသွားလို့ ပြဿနာတက်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဝင်ကူပေးခဲ့ပါတယ်။ အဲဒီကနေ ခင်မင်သွားပြီး ခိုကိုးရာမဲ့နေတဲ့ ကောင်မလေးအတွက် စားစရာနဲ့ နေစရာပါ စီစဉ်ပေးရင်း သမီးတစ်ယောက်လို သံယောဇဉ်တွယ်လာတယ်။ ဒါပေမယ့် တစ်နေ့မှာ ကောင်မလေး ပျောက်သွားပါတော့တယ်။ ကူဒါနဲ့ စထရေးတို့ လိုက်ရှာကြရင်း မထင်မှတ်ဘဲ တွေ့လာတဲ့ သဲလွန်စတစ်ခုကနေ ကောင်မလေးရှိတဲ့နေရာကို သိသွားကြတယ်။ သူ့ကို ဘယ်သူတွေ ဖမ်းထားတာလဲ၊ ကူဒါနဲ့ စထရေးတို့ ဘယ်လိုကယ်တင်ကြမလဲဆိုတာအပြင် ကူဒါအနေနဲ့ သမီးအရင်း လိုလာအတွက် ဘာတွေလုပ်ပေးနိုင်ဦးမလဲဆိုတာကိုလည်း ဆက်ပြထားတဲ့ အက်ရှင်မှုခင်းဒရာမာပါ။
ဇာတ်လမ်းအကြောင်း