ဇာတ်ကားများ ရွေးရန်

Invisible Guard

2022ဇာတ်ကား70 မိနစ်

ထန်ခေတ်မှာ ကိုယ်ပျောက်ကိုယ်ရံတော်လို့ခေါ်တဲ့ အထူးအဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ တရားရေးဌာနအတွက် အမှုထမ်းရပေမယ့် အဖွဲ့ဝင်တွေကတော့ အပယ်ခံအပြစ်သားတွေပါ။ ပိုးမိစ္ဆာတွေကို ကြိုးကိုင်ပြီး လူသတ်တဲ့အမှုတွေ ဖြစ်လာချိန်မှာ အဖွဲ့ရဲ့တပ်မှူး Pei က စုံစမ်းရင်း ရှုပ်ထွေးလှတဲ့ မှုခင်းဖြစ်စဉ်ထဲ ရောက်သွားပါတယ်။ တစ်ချိန်တည်းမှာ Han chu yi ဆိုတဲ့ မိန်းကလေးကလည်း အဖေ့ကိုသတ်သွားတဲ့ တရားခံကို လိုက်ရှာနေတယ်။ တရားခံကို မခြေရာခံမိသေးခင် ရန်သူတွေ လိုက်သတ်လို့ ထွက်ပြေးရင်း Pei နဲ့ တွေ့ဆုံခဲ့တာပါ။ အဲဒီနောက် နှစ်ယောက်ပူးပေါင်းပြီး ကြုံလာတဲ့အခက်အခဲတွေကို ရင်ဆိုင်ကြပါတယ်။ သူတို့မသိသေးတာက ရှေ့မှာ ပိုဆိုးရွားတဲ့ စုန်းဘုရင်ကြီးက စောင့်နေတယ်ဆိုတာပါ။ Pei တစ်ယောက် စုန်းဘုရင်ကို ဘယ်လိုရင်ဆိုင်ပြီး ပြည်သူတွေကို ကယ်တင်မလဲဆိုတာကို မိစ္ဆာအတတ်တွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့ သိုင်းဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း