Dreamy Eyes
ဘဲလ်သံ ကလင်ကလင်မြည်တဲ့ စက်ဘီးကလေးနဲ့ ဖြတ်သန်းခဲ့တဲ့ လူငယ်ဘဝမှာ ကောင်လေးတစ်ယောက်ဟာ ဝေဝေရီရီမျက်ဝန်းလေးတွေရှိတဲ့ ကောင်မလေးကို ချစ်မိခဲ့ပါတယ်။ အတူကျောင်းသွားရတဲ့ သူမကို ငေးကြည့်နေရတာက သူ့အတွက် ပျော်စရာဖြစ်သလို ဝေးသွားရမယ်ဆိုတဲ့ အတွေးကိုလည်း ကြောက်နေခဲ့တယ်။ အချစ်အကြောင်း သိပ်နားမလည်သေးတဲ့အရွယ်မှာ သူမဟာ သူသိပ်မြတ်နိုးရသူ ဖြစ်လာခဲ့တာပါ။ အချိန်ကြာလာတော့ ကောင်မလေးရဲ့ လိုချင်တောင့်တမှုတွေ ပြောင်းလဲလာပါတယ်။ တစ်ချိန်က သူမမက်မောခဲ့တဲ့အရာတွေဟာ အလွယ်တကူ ရနိုင်လာပေမယ့် အခုတမ်းတနေတဲ့အရာတွေကတော့ ကောင်လေး လက်လှမ်းမမီနိုင်တဲ့အရာတွေ ဖြစ်နေပြန်တယ်။ သူ့ဘက်က ချစ်နေဆဲဖြစ်ပေမယ့် နှစ်ယောက်ရဲ့ စိတ်ဆန္ဒတွေက တစ်ထပ်တည်း မကျတော့ပါဘူး။ ကလေးဘဝက အတူဆော့ကစားခဲ့တဲ့ အမှတ်တရတွေ၊ ကျောင်းသွားဖော်ဘဝနဲ့ နှင်းဆီခြုံတောထဲက သူမရဲ့ပုံရိပ်တွေဟာ ကောင်လေးအတွက် မမေ့နိုင်တဲ့အရာတွေ ဖြစ်နေတယ်။ သူများတွေက လူအလို့ သတ်မှတ်ကြရင်တောင် သူမကို ဆက်ချစ်နေချင်တဲ့ စိတ်ကတော့ မပြောင်းလဲသေးပါဘူး။
ဇာတ်လမ်းအကြောင်း