The ancient City of Loulan
ပြီးခဲ့တဲ့ရာစုနှစ်အစပိုင်းမှာ Loulan ရှေးဟောင်းမြို့တော်ရဲ့ အပျက်အစီးတွေကို ရှာတွေ့ခဲ့ရာက ကမ္ဘာတစ်ဝှမ်းက စူးစမ်းရှာဖွေသူတွေ ရတနာရှာဖို့ ရောက်လာကြပါတယ်။ အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ် အများအပြားကိုလည်း နိုင်ငံခြားက ရတနာခိုးသူတွေ တူးဖော်ယူဆောင်သွားကြတယ်။ Chen Xiao ကတော့ ဒီလိုဘဏ္ဍာတွေ ခိုးယူခံရတာကို တားဆီးဖို့ ဓားပြတွေကို ရင်ဆိုင်နေသူပါ။ ဒါကြောင့် ဓားပြတွေကလည်း သူ့ကို နံပါတ်တစ်ရန်သူအဖြစ် သတ်မှတ်ထားကြပါတယ်။ တစ်ခါမှာ သူတို့ဝိုင်းဝန်းရန်မူတာကနေ လွတ်အောင်ပြေးရင်း Chen Xiao ဟာ ထူးဆန်းတဲ့ မြို့တော်တစ်ခုထဲ လမ်းမှားရောက်သွားတယ်။ အဲဒီမြို့တော်ထဲမှာ တွေ့ရတဲ့အဖွဲ့တစ်ဖွဲ့နဲ့ ပူးပေါင်းပြီး အသက်ရှင်လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ခိုးယူချင်သူတွေရဲ့လက်ထဲ မရောက်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို စိတ်ကူးယဉ်အက်ရှင်ဇာတ်လမ်းနဲ့ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း