ဇာတ်ကားများ ရွေးရန်

Rough Cut

2008ဇာတ်ကားအမှတ် 6.8/10111 မိနစ်

ဂန်ဖယ်ဟာ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုမှာ ဒုတိယအဆင့်အထိ ရောက်လာသူပါ။ ဒါပေမယ့် သူ့မှာ နူးညံ့တဲ့တစ်ဖက်လည်းရှိပြီး အနုပညာကို မြတ်နိုးတတ်ပါတယ်။ ဆူထာကတော့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို နှစ်သက်တဲ့ အက်ရှင်မင်းသားတစ်ယောက်ဖြစ်ပြီး ကြမ်းတမ်းတဲ့နေရာမှာ ဂန်ဖယ်နဲ့ သိပ်မကွာသူပါ။ အက်ရှင်ကားတစ်ကား ရိုက်နေစဉ် ဆူထာက တွဲဖက်သရုပ်ဆောင်ကို တကယ်ထိုးကြိတ်မိလို့ ဆေးရုံတင်လိုက်ရပါတယ်။ အဲဒီနောက် သူနဲ့အတူ တွဲရိုက်ပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး။ ဒါကြောင့် အရက်ဆိုင်မှာ တစ်ခါ ရန်ဖြစ်ဖူးတဲ့ ဂန်ဖယ်ကို ဇာတ်ကားမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းလိုက်တယ်။ ဂန်ဖယ်ကလည်း လက်ခံပေးပေမယ့် သရုပ်ဆောင်ဟန်လုပ်ရုံမဟုတ်ဘဲ သူနဲ့တကယ်တိုက်ခိုက်ရမယ်ဆိုတဲ့ စည်းကမ်းတစ်ခု ထုတ်ထားပါတယ်။ ဒီလောက်ကြမ်းတမ်းတဲ့ လူနှစ်ယောက် ဇာတ်ကားကို အဆုံးအထိ ပြီးအောင် ရိုက်နိုင်ပါ့မလား၊ ဂန်ဖယ်အတွက်ရော ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြထားတဲ့ So Ji Sub ပါဝင်သရုပ်ဆောင်ထားသော အက်ရှင်မှုခင်းကားပါ။

ဇာတ်လမ်းအကြောင်း