ဇာတ်ကားများ ရွေးရန်

Ultimate Avengers 2: Rise of the Panther

2006ဇာတ်ကားအမှတ် 6.7/1073 မိနစ်

၂၀၀၆ ခုနှစ်ထွက် Ultimate Avengers: The Movie ရဲ့အဆက်မှာ ချီတာရီတွေကို အနိုင်ယူခဲ့ပြီးနောက် Avengers အဖွဲ့အတွင်း အဆင်မပြေမှုတွေ ဖြစ်လာပါတယ်။ ကပ္ပတိန်အမေရိကဟာ စိတ်ဒဏ်ရာနောက်ဆက်တွဲ စိတ်ဖိစီးမှုဖြစ်တဲ့ PTSD အနည်းငယ် ခံစားနေရပြီး မစ်ရှင်တွေကိုပဲ ဖိလုပ်နေတယ်။ သူဦးဆောင်ရတဲ့ အဖွဲ့နဲ့ အဆင်မပြေတော့ဘဲ တစ်ယောက်တည်း လှုပ်ရှားသူလို ဖြစ်လာသလို ဒေါက်တာဘန်နာကလည်း ဟော့ခ်ပုံစံကို မထိန်းချုပ်နိုင်တာကြောင့် ဖြူရီရဲ့ ချုပ်နှောင်မှုကို ခံနေရပါတယ်။ အဲဒီအချိန်မှာ ၁၉၄၅ ခုနှစ်က ကပ္ပတိန်အမေရိက လက်ချက်နဲ့ သေသွားပြီလို့ ထင်ထားကြတဲ့ နာဇီဗိုလ်ချုပ်ကလိုင်ဇာဟာ ဝါကန်ဒါမှာ ပြန်ပေါ်လာတယ်။ ချီတာရီတစ်ယောက်လည်းဖြစ်တဲ့ ကလိုင်ဇာက တီချာလာတို့ဆီက စွမ်းအင်အရင်းအမြစ်ကို လုယူပြီး ကမ္ဘာတစ်ခုလုံး ဖျက်ဆီးဖို့ ကြိုးစားလာပါတယ်။ စည်းလုံးမှုအားနည်းနေတဲ့ Avengers အဖွဲ့ဟာ Black Panther နဲ့ ပူးပေါင်းပြီး ကလိုင်ဇာရဲ့အန္တရာယ်ကို ရင်ဆိုင်ကြရပါတော့တယ်။

ဇာတ်လမ်းအကြောင်း