The Mystic Nine: Begonia from Qingshan
အဖေ့အတွက် လက်စားချေဖို့ ချန်ရှားကို ရောက်လာတဲ့ ကျန်းချီရှန်းဟာ သူရှာနေတဲ့သူက မြို့မှာ အာဏာရနေတဲ့ ကျော်ချန်ကျီးဖြစ်နေတာကို တွေ့ရပါတယ်။ အလွယ်တကူ ရင်ဆိုင်လို့မရတဲ့သူဖြစ်နေတာကြောင့် သူ့အပြစ်ကို ဖော်ထုတ်နိုင်မယ့် ခိုင်မာတဲ့သက်သေကို လိုက်ရှာရင်း အာ့ယွဲ့ဟုန်နဲ့ အမှတ်မထင် ဆုံမိကြတယ်။ အဲဒီကနေ အာ့ယွဲ့ဟုန်ဟာ ကျန်းချီရှန်းရဲ့ ပထမဆုံးမိတ်ဆွေ ဖြစ်လာပါတယ်။ အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက ထူးခြားတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ကျန်းချီရှန်း လက်စားချေချင်နေတဲ့ ကျော်ချန်ကျီးနဲ့ အာ့ယွဲ့ဟုန်ရဲ့အဖေက သာမန်ရင်းနှီးသူတွေထက် ပိုတဲ့ သေဖော်သေဖက်တွေ ဖြစ်နေကြတယ်။ ကျန်းချီရှန်းဘက်မှာ ကျော်ချန်ကျီးရဲ့အပြစ်ကို သက်သေပြနိုင်မယ့် စာရင်းစာအုပ်ကို လက်ဝယ်ရဖို့ အခက်တွေ့နေသလို၊ တစ်သက်လုံး သားလိမ္မာအဖြစ် နေခဲ့တဲ့ အာ့ယွဲ့ဟုန်လည်း အဖေနဲ့ မိတ်ဆွေကြားမှာ ဗျာများလာရပါတယ်။ ၂၀၁၆ ခုနှစ်က The Mystic Nine ဒရာမာကို ပြန်လည်ပုံဖော်ထားတဲ့ ဒီရုပ်ရှင်မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်တို့ ဘယ်လိုတွေ့ဆုံပြီး မိတ်ဆွေဖြစ်လာခဲ့ကြသလဲဆိုတာ ပြထားပါတယ်။ ကျန်းချီရှန်း လက်စားချေနိုင်မလား၊ စာရင်းစာအုပ်ကို ရနိုင်မလားဆိုတဲ့ မေးခွန်းတွေအပြင် ဒီရန်ငြိုးတွေရဲ့နောက်မှာ ဘာတွေဖုံးကွယ်နေသေးသလဲဆိုတာကိုပါ ဆက်ဖော်ထုတ်သွားမှာပါ။
ဇာတ်လမ်းအကြောင်း