Womb
ရေဗက်ကာဟာ အဖိုးရှိတဲ့ ကမ်းခြေက အိမ်လေးမှာ ခဏလာနေတုန်း တွမ်မီဆိုတဲ့ ကောင်လေးနဲ့ ရင်းနှီးသွားပါတယ်။ နှစ်ယောက်စလုံး ကလေးတွေပဲ ရှိသေးပေမယ့် တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွယ်ခဲ့ကြတယ်။ နောက်တော့ ရေဗက်ကာက အမေအလုပ်လုပ်နေတဲ့ ဂျပန်ကို လိုက်သွားရတာကြောင့် ခွဲခွာခဲ့ကြရပါတယ်။ ၁၂ နှစ်လောက် ကြာပြီးတဲ့အခါ ရေဗက်ကာဟာ တွမ်မီရှိတဲ့ ကမ်းခြေကို ပြန်လာတယ်။ ငယ်ငယ်က သံယောဇဉ်တွေကနေ နှစ်ယောက်သား ချစ်သူတွေ ဖြစ်လာကြပေမယ့် တစ်ရက်မှာတော့ တွမ်မီ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။ လူသားကို ပုံတူပွားနိုင်တဲ့အထိ နည်းပညာတိုးတက်နေတဲ့အချိန်ဖြစ်လို့ ရေဗက်ကာက တွမ်မီရဲ့ DNA ကိုယူပြီး သူကိုယ်တိုင် ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားလာတယ်။ အဲဒီစိတ်ကူးကို တွမ်မီရဲ့ မိဘတွေနဲ့ သွားတိုင်ပင်ပါတယ်။
ဇာတ်လမ်းအကြောင်း