The Curious Case of Tianjin
ကျင်းမန်ဆိပ်ကမ်းမှာ နေတဲ့ ချင်ဖန်က တရုတ်ရိုးရာသမားတော်တစ်ယောက်ပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး နေချင်ပေမယ့် ဆိပ်ကမ်းက အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ ရိက္ခာပို့ဆောင်ရေးအဖွဲ့နဲ့ ချင်းလုံအဖွဲ့တို့ နယ်မြေလုရင်း ရန်ဖြစ်ကြတဲ့အခါ သူပါ ဝင်ပါမိသွားတယ်။ ရည်ရွယ်ချက်က ဖျန်ဖြေပေးဖို့ပေမယ့် မထင်မှတ်ဘဲ လူနှစ်ယောက် သေသွားတဲ့အတွက် မှော်အတတ်သုံးတယ်လို့ စွပ်စွဲခံရပြီး ထောင်ကျသွားပါတယ်။ ချင်ဖန်က ကိုယ့်အပြစ်ကင်းကြောင်း သက်သေပြဖို့ ထောင်ထဲက ခိုးထွက်ပြီး ရင်ခွဲရုံမှာ အလောင်းခွဲစိတ်တာကို သွားကြည့်တယ်။ ဒါပေမယ့် ဆေးတစ်မျိုးကြောင့် မေ့မျောသွားပြီး အလောင်းကလည်း ပျောက်သွားပါတယ်။ သူကိုယ်တိုင်လည်း ဘယ်လိုရောက်လာမှန်းမသိဘဲ ဆောင်ကြာမြိုင်တစ်ခုမှာ မေ့မျောနေခဲ့တယ်။ အဲဒီညမှာပဲ ဆိပ်ကမ်းက လူတချို့ဟာ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံနေရသလို၊ အသိစိတ်မရှိတော့သလို ဖြစ်ပြီး ရေထဲခုန်ချကာ သေဆုံးသွားကြပါတယ်။ လူသတ်မှု၊ အလောင်းခိုးမှု၊ ထောင်ဖောက်မှုတွေနဲ့အတူ မှော်အတတ်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေပါ ချင်ဖန်ဆီ ရောက်လာတော့ ကိုယ့်အပြစ်ကင်းမှုအတွက် သူ ဆက်ကြိုးစားရပါတော့တယ်။ ဒီအမှုတွေရဲ့နောက်မှာ ဘယ်သူရှိနေတာလဲ၊ မှော်အတတ်နဲ့ တကယ်ပတ်သက်နေသလား၊ ချင်ဖန်ကရော ဖြစ်ရပ်တွေရဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း