The Fallen Bridge
ဟွမ်ချွဲ့မြို့ရဲ့ အဓိကတံတားဖြစ်တဲ့ ကျုံးနမ်တံတား ပြိုကျသွားတဲ့အခါ တံတားအတွင်းကနေ လူသေအရိုးစုတစ်ခု တွေ့လာရပါတယ်။ သေဆုံးသူက တက္ကသိုလ်ကျောင်းသူ ဝမ်ရှောင်းယွီရဲ့ဖခင် ဝမ်လျောင့်ဖြစ်နေတယ်။ အဖေ့သေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေနေတဲ့ ဝမ်ရှောင်းယွီဟာ မျက်မြင်သက်သေဖြစ်သူ စက်ပြင်သမား မုန့်ချောင်းရဲ့ အကူအညီနဲ့ ဒီသေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ကြောင်း သိလာရပါတယ်။ နှစ်ယောက်သား ဖုံးကွယ်နေတဲ့ သဲလွန်စတွေကို တစ်စချင်း လိုက်ရှာကြရင်း ဝမ်ရှောင်းယွီရဲ့ မွေးစားအဖေ ကျူးဖန်းကျန့်က လူသတ်သမားဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို တွေ့လာကြတယ်။ ဒါပေမယ့် တကယ့်လူသတ်သမားက သူတို့ထင်ထားတဲ့သူပဲလား၊ နောက်ကွယ်မှာ ဘာတွေရှိနေသေးလဲဆိုတာတော့ ဆက်ရှာရဦးမှာပါ။ မုန့်ချောင်းအဖြစ် TFBOYS အဖွဲ့ခေါင်းဆောင် ဝမ်ကျွင့်ခိုင်နဲ့ ဝမ်ရှောင်းယွီအဖြစ် မာစစ်းချွမ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း