ဇာတ်ကားများ ရွေးရန်

Friday Killer

2011ဇာတ်ကားအမှတ် 5.5/1098 မိနစ်

Saturday Killer ရဲ့ အဆုံးပိုင်းနားမှာ အရိပ်အမြွက် ပါခဲ့တဲ့ Pae Uzi ကို Friday Killer မှာတော့ အဓိကဇာတ်ကောင်အဖြစ် တွေ့ရပါတယ်။ ကျွမ်းကျင်သေနတ်သမား Pae Uzi ဟာ ထောင်ကထွက်လာတာနဲ့ ဓားထိုးခံရပြီး ဆေးရုံရောက်သွားတယ်။ အဲဒီမှာမှ သူ့မှာ သမီးတစ်ယောက်ရှိနေကြောင်း သိလိုက်ရပါတယ်။ သမီးဖြစ်သူ Dao က ရဲမေတစ်ယောက်ဖြစ်နေပြီ။ သမီး အရွယ်ရောက်တဲ့အထိ ဘာမှမသိခဲ့တဲ့ Pae Uzi ဟာ သူ့အိမ်ကို သွားလေ့လာရင်း ကံဆိုးစွာနဲ့ Dao က အဖေလို့ ယူဆထားသူကို သတ်မိသွားတယ်။ Dao ကတော့ Pae Uzi ဟာ သူ့အဖေရင်းဖြစ်မှန်း မသိပါဘူး။ သူ့အဖေကို သတ်သွားသူလို့သာ သိထားပြီး အငြှိုးတကြီးနဲ့ လိုက်ဖမ်းပါတော့တယ်။ သမီးကို သွားတွေ့တဲ့ သေနတ်သမားဖခင်က အခုတော့ ရဲမေသမီး လိုက်ဖမ်းနေတဲ့သူ ဖြစ်သွားခဲ့ပါပြီ။

ဇာတ်လမ်းအကြောင်း