My Best Friend's Breakfast
ရှန့်ဝေရှင်းက အစားအသောက်ဆို သိပ်ကြိုက်တဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့သူငယ်ချင်းကို ပိုးပန်းတဲ့သူက လာပို့ပေးတဲ့ မနက်စာကိုတောင် သူက အကုန်စားပစ်တတ်တယ်။ အစားအသောက်ရှိမှ ဘဝက အဓိပ္ပါယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ရှန့်ဝေရှင်းတစ်ယောက် နောက် ၁၅ နှစ်ကြာရင် ကိုယ် ဘယ်လိုဖြစ်နေမလဲဆိုတာကိုလည်း စဉ်းစားနေပါတယ်။ နောက် ၁၅ နှစ်မှာ အောင်မြင်နေမလား၊ အခုထက် ပိုဝလာမလား၊ လက်ရှိချစ်သူနဲ့ပဲ ဆက်တွဲနေဖြစ်မလားဆိုတဲ့ အနာဂတ်အကြောင်း မေးခွန်းတွေက ဒီထိုင်ဝမ်ကျောင်းသားဇာတ်ကားရဲ့ အဓိကအတွေးပါ။ မသိနိုင်သေးတဲ့ အနာဂတ်ကို တွေးနေတဲ့ ဆယ်ကျော်သက်အရွယ် ခံစားချက်တွေကို အချစ်နဲ့ လူငယ်ဘဝဒရာမာတို့ ရောပြီး ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း