Untold Scandal
ဂျိုဆွန်းခေတ်နှောင်းပိုင်းရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို နောက်ခံထားတဲ့ ဒီဇာတ်လမ်းမှာ သခင်မဂျိုဟာ ထက်မြက်ပြီး ဇနီးကောင်းပီသသူအဖြစ် လူကုံထံအသိုင်းအဝိုင်းမှာ နာမည်ရနေပါတယ်။ ဒါပေမယ့် လူမသိအောင် တခြားယောက်ျားတွေနဲ့ ဆက်ဆံရေးတွေ ရှိနေသူပါ။ သူ့မောင်ဝမ်းကွဲ ဂျိုဝန်ကလည်း စာပေနဲ့ သိုင်းပညာမှာ ထူးချွန်ပေမယ့် ရာထူးရာခံတွေကို ငြင်းပယ်ထားပြီး မိန်းကလေးတွေကို သွေးဆောင်ဖြားယောင်းရတာ နှစ်သက်သူဖြစ်တယ်။ ဂျိုဝန်ဟာ သခင်မဂျိုရဲ့ အချစ်ဦးလည်း ဖြစ်ပေမယ့် သူတို့နှစ်ယောက်က ကိုယ့်ခံစားချက်ကိုယ် ဖုံးကွယ်ရင်း အချစ်ရေးကို ကစားပွဲတစ်ခုလို သဘောထားနေကြပါတယ်။ သခင်မဂျောင်ကတော့ လက်ထပ်ပြီး အတူမပေါင်းသင်းရသေးခင် ခင်ပွန်းဆုံးပါးသွားလို့ အပျိုစင်မုဆိုးမလို့ နာမည်ကြီးနေသူပါ။ အဲဒီသခင်မဂျောင်ကို ဂျိုဝန်က အရယူနိုင်မလားဆိုပြီး သခင်မဂျိုနဲ့ လောင်းကြေးထပ်လိုက်ကြတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ကစားပွဲထဲမှာ သခင်မဂျောင်တစ်ယောက် ကြားညပ်သွားပါတော့တယ်။
ဇာတ်လမ်းအကြောင်း