Allelujah
အသက်ကြီးလာတဲ့အခါ သားသမီး၊ မြေးမြစ်တွေနဲ့ အတူနေရသူတွေ ရှိသလို တစ်ယောက်တည်း အထီးကျန်နေရသူတွေလည်း ရှိပါတယ်။ အိုမင်းမစွမ်းဖြစ်လာလို့ ကိုယ့်အားကိုယ်ကိုးဖို့ ခက်လာချိန်မှာ ဘေးက ကူညီစောင့်ရှောက်ပေးသူတွေကို ပိုလိုအပ်လာကြတယ်။ Allelujah ကတော့ သက်ကြီးစောင့်ရှောက်ရေးဆေးရုံတစ်ခုမှာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဘိုးဘွားတွေကြားက ဆက်ဆံရေးကို ပြထားပါတယ်။ ဒီဆေးရုံမှာ သားသမီးရှိပေမယ့် အထီးကျန်နေသူတွေရှိသလို သားသမီးမရှိသူတွေလည်း ရှိတယ်။ ဒေါက်တာဗယ်လင်တိုင်းနဲ့ စစ်စတာဂဲလ်တို့က ဘိုးဘွားတွေကို ဘယ်လိုစိတ်ထားနဲ့ ကူညီစောင့်ရှောက်ပေးကြသလဲဆိုတာကို တွေ့ရမှာပါ။ အဲဒီလို စောင့်ရှောက်ပေးနေကြရင်း ဆေးရုံနဲ့ပတ်သက်တဲ့ အရှုပ်အရှင်းတွေလည်း ပေါ်လာပါတော့တယ်။
ဇာတ်လမ်းအကြောင်း