Hey! Sinamika
ရာသီဥတုလေ့လာဆန်းစစ်သူ မိုနာဟာ မုန်တိုင်းကြားမှာ ရာလန်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ခဲ့ပါတယ်။ ဟိန္ဒိစကား သိပ်မပြောတတ်တဲ့သူ့ကို စကားနည်းသူလို့ ထင်မိပြီး မြင်မြင်ချင်းချစ်မိရာက နှစ်ယောက်သား လက်ထပ်လိုက်ကြတယ်။ အတူနေကြာလာပြီး ရာလန် ဘာသာစကား ကျွမ်းကျင်လာတော့မှ မိုနာ ထင်ထားသလို မဟုတ်မှန်း သိလာရပါတယ်။ ရာလန်က တွေ့သမျှကို မေးခွန်းထုတ်ပြီး ရေပက်မဝင်အောင် စကားပြောတတ်သူပါ။ စကားရပ်ဖို့ ပြောလိုက်တိုင်းလည်း စကားပြောတာဟာ အသက်ရှူနေရတာနဲ့ အတူတူပဲလို့ ပြန်ပြောလေ့ရှိတယ်။ အချက်အပြုတ်လည်း ဝါသနာပါလို့ တွေ့သမျှကို ချက်ပြုတ်စမ်းသပ်ပြီး မိုနာ့ကို ကျွေးနေပြန်ပါတယ်။ နောက်ဆုံး သည်းမခံနိုင်တော့တဲ့ မိုနာဟာ အလုပ်က သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ကွာရှင်းဖို့ နည်းလမ်းရှာတော့တယ်။ ရာလန် စိတ်ဆိုးလာအောင်လုပ်ပြီး ကွာရှင်းမယ်ဆိုတဲ့ အစီအစဉ်က အောင်မြင်မလား၊ ပိုပြီး အလွဲလွဲအချော်ချော် ဖြစ်သွားမလား မသိသေးတဲ့အချိန်မှာပဲ မိုနာတို့ကုမ္ပဏီမှာ တစ်နှစ်ကြာ ခရီးထွက်ရမယ့် ပရောဂျက်တစ်ခု ပေါ်လာပါတယ်။
ဇာတ်လမ်းအကြောင်း