ဇာတ်ကားများ ရွေးရန်

Boon

2022ဇာတ်ကားအမှတ် 6.2/1095 မိနစ်

ဘွန်းဟာ အမေရိကန်က ရက်စက်ပြီး လက်ရည်ထက်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ ရုတ်တရက် စိတ်ပြောင်းပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို သတ်ကာ အလုပ်ရှင်ကိုလည်း ပစ်ခတ်ပြီး ပျောက်ကွယ်သွားခဲ့တယ်။ အလုပ်ရှင်က ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် အသက်ရှင်ကျန်ခဲ့တဲ့အတွက် ဘွန်းကို အငြိုးနဲ့ လိုက်စုံစမ်းပြီး သတ်ဖို့ ကြေးစားသေနတ်သမားတွေ စေလွှတ်နေပါတယ်။ တစ်ဖက်မှာလည်း ဘွန်းကို ဖမ်းမိရင် အောင်မြင်မှုကြီးတစ်ခု ရနိုင်မယ်လို့ တွက်ထားတဲ့ FBI အေးဂျင့်တစ်ယောက် ရှိနေတယ်။ သူက တခြားအမှုတွေကို ဘေးချထားပြီး ဘွန်းနောက်ကိုပဲ တကောက်ကောက် လိုက်နေသူပါ။ အဲဒီအချိန် ဘွန်းကတော့ အတိတ်အတွက် နောင်တတွေနဲ့ လူနေကျဲပါးတဲ့ တောင်ပေါ်မြို့လေးတစ်ခုမှာ ဇာတ်မြှုပ်နေပါတယ်။ သူ့နောက်လိုက်နေသူတွေရဲ့ အန္တရာယ်အပြင် မြို့ထဲက မသမာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အဲဒီလူရဲ့ နှိပ်စက်မှုကို ခေါင်းငုံ့ခံနေရတဲ့ သားအမိနှစ်ယောက်နဲ့ပါ ပတ်သက်မိလာတယ်။ ဘွန်းအဖြစ် သရုပ်ဆောင်ထားသူက စစ်ကား၊ စုံထောက်ကား၊ အက်ရှင်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ဇာတ်ပို့နဲ့ ဗီလိန်အဖြစ် ပါဝင်လေ့ရှိတဲ့ ဝါရင့်သရုပ်ဆောင် Neal McDonough ပါ။

ဇာတ်လမ်းအကြောင်း