ဇာတ်ကားများ ရွေးရန်

Doraemon: Nobita's Treasure Island

2018ဇာတ်ကားအမှတ် 7.1/10109 မိနစ်

ပင်လယ်ဓားပြပုံပြင်တွေ ဖတ်ထားတဲ့ နိုဘီတဟာ ရတနာကျွန်းတစ်ကျွန်းကို ရှာတွေ့ချင်နေပါတယ်။ အမည်မသိကျွန်းတစ်ခု ပေါ်လာတဲ့အကြောင်း သတင်းမှာ ကြေညာလိုက်တော့ ရတနာသွားရှာချင်စိတ်က ပိုပြင်းလာတယ်။ သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတဲ့အခါ စိတ်တိုပြီး အဲဒီကျွန်းကို တွေ့အောင်ရှာမယ်လို့ အလောင်းအစားလုပ်လိုက်ပါတယ်။ ပြောပြီးမှ နိုဘီတက ထုံးစံအတိုင်း ဒိုရေမွန်ဆီ အကူအညီတောင်းတော့တာပါပဲ။ ဒိုရေမွန်လည်း မနေနိုင်ဘဲ နိုဘီတရဲ့ဆန္ဒအတိုင်း ကျွန်းကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ရတနာကျွန်းကို ရှာဖို့ ထွက်လာတဲ့ ဒီခရီးမှာ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုရင်ဆိုင်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ကြမလဲ။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ၃၈ ကားမြောက် ဒိုရေမွန်ဇာတ်ကားဖြစ်ပြီး ၁၈၈၃ ခုနှစ်ထုတ် Treasure Island ဝတ္ထုကို အခြေခံထားပါတယ်။

ဇာတ်လမ်းအကြောင်း