[19+] White Night
လီဂျီအာက ဘယ်အပြစ်မဆို ဆယ့်ငါးနှစ်ကြာရင် အပြစ်ကြေတယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးကြောင်း ကင်ယိုဟန်ကို ပြောပြီး နောက်ဆယ့်ငါးနှစ်ကြာမှ ပြန်တွေ့ကြဖို့ ကတိထားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကလေးဘဝမှာတော့ ရှုပ်ထွေးနာကျင်စရာတွေ ရှိခဲ့တယ်။ တစ်ညမှာ ကင်ယိုဟန်ရဲ့အဖေ အသတ်ခံရပြီး လီဂျီအာရဲ့အမေက အဓိကသံသယရှိသူ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ ကင်ယိုဟန်ရဲ့အမေနဲ့ အလုပ်သမား ကန်ဂျယ်ဒိုတို့ကြား ဖောက်ပြန်တဲ့ဆက်ဆံရေးလည်း ရှိနေတယ်။ ဒီဆက်ဆံရေးအရှုပ်အထွေးတွေကြားက လူသတ်မှုကို စုံထောက်ဟန်ဒုန်ဆူက စုံစမ်းရပါတယ်။ စုံစမ်းနေတုန်း လီဂျီအာရဲ့အမေ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတော့ အမှုကို ပိတ်လိုက်ကြတယ်။ ဒါပေမယ့် အမှုပိတ်ပြီးမှ မသင်္ကာစရာတွေ ထပ်တွေ့လာတဲ့ စုံထောက်ဟန်က ဆက်လိုက်ခဲ့ရာမှာ ဆုံးရှုံးမှုကြီးတစ်ခုနဲ့ ကြုံရတယ်။ ဘယ်လောက်ကြိုးစားကြိုးစား အဖြေမရခဲ့ဘဲ အမှုက ပဟေဠိအဖြစ် ကျန်နေခဲ့ပါတယ်။ ဆယ့်လေးနှစ်အကြာမှာတော့ အဲဒီလူသတ်မှုနဲ့ ဆက်နွှယ်နေတဲ့ ကန်ဂျယ်ဒို သေဆုံးသွားရာက အမှုဟောင်း ပြန်ပေါ်လာတယ်။ လက်လျှော့ထားခဲ့တဲ့ စုံထောက်ဟန် ဒီတစ်ကြိမ်မှာ အမှုကို ဖြေရှင်းပြီး တရားခံဖမ်းနိုင်မလား။ ဆယ့်ငါးနှစ်ပြည့်ရင် ပြန်တွေ့ဖို့ ကတိထားတဲ့ လီဂျီအာနဲ့ ကင်ယိုဟန်တို့ရော ကတိအတိုင်း ပြန်ဆုံနိုင်ကြပါ့မလား။ Son Ye Jin၊ Lee Min-jung၊ Han Suk-kyu နဲ့ Go Soo တို့ ပါဝင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ အချစ်နဲ့ သည်းထိတ်ရင်ဖို ရောစပ်ထားတဲ့ ဇာတ်ကားပါ။ အဝတ်မပါသော မြင်ကွင်းတွေ ပါဝင်တဲ့အတွက် အသက် ၁၉ နှစ်အထက် သတ်မှတ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း