Kingmaker
၁၉၇၁ ခုနှစ် တောင်ကိုရီးယားရွေးကောက်ပွဲကို နောက်ခံထားတဲ့ ဒီနိုင်ငံရေးဇာတ်လမ်းမှာ ဆောချန်းဒယ်ဟာ သူလေးစားတဲ့ အမတ်ဂင်အွန်းဘုန်းကို သမ္မတဖြစ်စေချင်သူပါ။ ဉာဏ်ကောင်းပြီး ဗျူဟာမျိုးစုံ ထုတ်တတ်တဲ့သူဖြစ်လို့ အကြံပေးအဖြစ် နောက်ကွယ်ကနေ နည်းလမ်းအမျိုးမျိုး၊ ပရိယာယ်အမျိုးမျိုး သုံးကာ ကူညီပေးနေပါတယ်။ ဒီရွေးကောက်ပွဲမတိုင်ခင် ကိုရီးယားနိုင်ငံရေးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်။ တောင်နဲ့မြောက် ကွဲသွားပြီးနောက် ပထမဆုံးသမ္မတအဖြစ် ရွေးကောက်ခံရတဲ့ Syngman Rhee လက်ထက်မှာ တောင်မြောက်စစ် ဖြစ်ပွားခဲ့ပါတယ်။ လုံခြုံရေးဥပဒေပြင်ဆင်မှုအပေါ် လူထုမကျေနပ်မှုတွေ ရှိလာသလို ရွေးကောက်ပွဲမဲမသမာမှုတွေအပေါ် ကျောင်းသားတွေက ဧပြီတော်လှန်ရေးကို စတင်ခဲ့ကြတယ်။ အဲဒီနောက် Syngman Rhee နှုတ်ထွက်ခဲ့ရပြီး အထွေထွေရွေးကောက်ပွဲကနေ ဒီမိုကရက်တစ်ပါတီ အစိုးရတက်လာခဲ့ပါတယ်။ ပါတီအတွင်း ပဋိပက္ခတွေ ဖြစ်လာပြီး ၁၉၆၁ ခုနှစ် မေလ ၁၆ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ၁၉၆၂ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်တွေထဲက ဘတ်ဂျောင်ဟီက ၁၉၆၃ ခုနှစ်မှာ တတိယမြောက်သမ္မတ ဖြစ်လာပါတယ်။ ဇာတ်လမ်းက အဲဒီနောက် ၁၉၇၁ ခုနှစ် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးသမားတွေဆီ ရောက်လာတာပါ။ ဒီမိုကရေစီအမည်ရှိပေမဲ့ အာဏာရှင်စနစ် မပျောက်ကွယ်သေးတဲ့ အခြေအနေမှာ ဆက်လက်အုပ်ချုပ်လိုတဲ့ သမ္မတဘတ်ရဲ့ အာဏာရပါတီနဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံပါတီတို့ ယှဉ်ပြိုင်ကြရပါတယ်။ ဒီပြိုင်ဆိုင်မှုကြားမှာ ဆောချန်းဒယ်ရဲ့ အကြံအစည်တွေက အမတ်ဂင်အွန်းဘုန်းကို သမ္မတနေရာအထိ ပို့ပေးနိုင်မလား။
ဇာတ်လမ်းအကြောင်း