1944
ဒုတိယကမ္ဘာစစ်အတွင်း အက်စ်တိုးနီးယားနိုင်ငံရဲ့ အရှေ့စစ်မျက်နှာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အခြေခံထားတဲ့ ဇာတ်ကားပါ။ အက်စ်တိုးနီးယားဟာ ကြားနေနိုင်ငံအဖြစ် ကြေညာခဲ့ပေမယ့် ၁၉၄၀ ခုနှစ်မှာ ဆိုဗီယက်ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရပြီး ၁၉၄၁ ခုနှစ်မှာတော့ နာဇီဂျာမန်တို့ရဲ့ လက်အောက်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီကာလမှာ အက်စ်တိုးနီးယားသားတွေဟာ တစ်ဖက်တည်းမှာ ရှိမနေကြတော့ဘူး။ ဆိုဗီယက်က ဖွဲ့စည်းထားတဲ့ အက်စ်တိုးနီးယန်းတပ်ဖွဲ့နဲ့ နာဇီတို့ လက်နက်တပ်ဆင်ပေးထားတဲ့ အက်စ်တိုးနီးယန်းတပ်ဖွဲ့ဆိုပြီး နှစ်ဖက်ကွဲနေကြတယ်။ နိုင်ငံတစ်နိုင်ငံတည်းက လူတွေ အင်အားကြီးနိုင်ငံတွေရဲ့ လက်အောက်မှာ ကိုယ့်လူမျိုးအချင်းချင်း ပြန်ရင်ဆိုင်တိုက်ခိုက်ကြရပုံကို စစ်ပွဲအကြောင်းနဲ့ ဒရာမာ တွဲဖက်ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း