Little Forest
ဟယ်ဝန်းဟာ ကိုယ့်ဘဝနဲ့ ကိုယ့်ရည်မှန်းချက်ကို ရှာဖွေဖို့ မွေးရပ်ရွာငယ်လေးကို ခွဲခွာပြီး မြို့ပေါ်တက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါပေမဲ့ အဖြေရှာရင်း ကြုံလာရတဲ့ အပြောင်းအလဲတွေက သူ့အတွက် ခါးသီးလွန်းနေတယ်။ နောက်ဆုံးတော့ မွန်းကျပ်မှုတွေကနေ ခဏနားဖို့ ရွာကလေးဆီ ပြန်လာခဲ့ပါတယ်။ အဲဒီမှာ ကိုယ့်ဒဏ်ရာတွေကို ကုစားရင်း သူလိုအပ်နေတဲ့ ဘဝရဲ့အဖြေကို ရှာတွေ့နိုင်မလား။ လူတစ်ယောက် တိုးတက်ဖို့ နေရာပြောင်းသင့်တယ်၊ ပညာထပ်သင်ပြီး ရှေ့ဆက်သင့်တယ်ဆိုတဲ့ စကားတွေကို မကြာခဏ ကြားရတတ်ပါတယ်။ အပြောင်းအလဲနဲ့ အံဝင်သွားသူတွေ ရှိသလို အဲဒီကြားမှာ ပျော်ရွှင်မှု ပျောက်ဆုံးသွားသူတွေလည်း ရှိတယ်။ အထူးသဖြင့် ကလေးဘဝကနေ လူကြီးဘဝဆီ ကူးပြောင်းချိန်မှာ ရွေးစရာတွေများလွန်းလို့ ဘယ်လမ်းကို သွားရမလဲ မသိဖြစ်တတ်တဲ့ လူငယ်တွေအကြောင်းကို ဒီဇာတ်ကားက ပြောပြထားတာပါ။ Kim Tae-ri ပါဝင်ထားတဲ့ ဒီကိုရီးယားဇာတ်ကားမှာ ကျေးလက်သဘာဝအလှနဲ့ ဒေသဓလေ့တွေ၊ ကိုယ့်ဘဝကိုယ် ဖြတ်သန်းနေကြတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင်မှုတွေကို တွေ့ရပါတယ်။ မူရင်းက Little Forest မန်ဂါဖြစ်ပြီး ဂျပန်မှာလည်း Little Forest: Summer & Autumn နဲ့ Little Forest: Winter & Spring ဆိုတဲ့ လူသရုပ်ဆောင်ရုပ်ရှင် နှစ်ကားအဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်။ ကိုရီးယားဗားရှင်းမှာတော့ ဇာတ်လမ်းကို တစ်ကားတည်းအဖြစ် ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း