King Richard
ရစ်ချက် ဝီလီယျံဟာ သမီးတွေ မမွေးခင်ကတည်းက သူတို့ကို တင်းနစ်ချန်ပီယံဖြစ်စေဖို့ အစီအစဉ်ဆွဲထားတဲ့ ဖခင်တစ်ယောက်ပါ။ သူ့သမီးတွေကတော့ နောက်ပိုင်း တင်းနစ်လောကမှာ နာမည်ကြီးလာတဲ့ ဆီရီနာနဲ့ ဗီးနပ်စ် ဝီလီယျံတို့ ဖြစ်ပါတယ်။ King Richard က ဒီညီအစ်မနှစ်ယောက်ရဲ့ ငယ်ဘဝကနေ ပရော်ဖက်ရှင်နယ်တင်းနစ်သမားတွေ ဖြစ်လာဖို့ ဖခင်နဲ့အတူ ရုန်းကန်ခဲ့ကြရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ လူဖြူတွေ လွှမ်းမိုးထားတဲ့ တင်းနစ်လောကထဲမှာ အာဖရိကန်-အမေရိကန် ညီအစ်မနှစ်ယောက် ရှေ့ရောက်လာဖို့ ရစ်ချက်က နောက်ကွယ်ကနေ လမ်းညွှန်ပေးခဲ့တယ်။ သမီးတွေကို ချန်ပီယံဖြစ်စေမယ်ဆိုတဲ့ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ ဘယ်လောက်အထိ ကြိုးစားခဲ့ရသလဲဆိုတာကို ဖခင်ရဲ့ဘက်ကနေ ပြထားပါတယ်။ ၂၀၂၁ ခုနှစ်က ထွက်ရှိတဲ့ ဒီအားကစားအတ္ထုပ္ပတ္တိဇာတ်ကားမှာ ရစ်ချက်အဖြစ် Will Smith ပါဝင်ထားပါတယ်။ တကယ့်ဖြစ်ရပ်တွေကို အခြေခံထားပြီး ဆီရီနာနဲ့ ဗီးနပ်စ်တို့ရဲ့ ငယ်ဘဝ၊ တင်းနစ်ပြိုင်ပွဲတွေနဲ့ သားအဖတွေရဲ့ ကြိုးပမ်းမှုတွေကို နှစ်နာရီခွဲခန့်ကြာ တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း