ဇာတ်ကားများ ရွေးရန်

Over the Sky

2020ဇာတ်ကားအမှတ် 6.8/1095 မိနစ်

မီအို၊ အာရာတာနဲ့ မာဒိုကာတို့ဟာ သူငယ်ချင်းသုံးယောက်ပါ။ မီအိုနဲ့ မာဒိုကာ နှစ်ယောက်စလုံးက အာရာတာကို တိတ်တိတ်လေး သဘောကျနေကြတယ်။ မီအိုကတော့ ဖြစ်သမျှနောက် လိုက်နေရင်း လွယ်လွယ်နဲ့ အရှုံးပေးတတ်သူပါ။ အာရာတာနဲ့ ငယ်သူငယ်ချင်းတွေဖြစ်လို့ ပိုရင်းနှီးပေမဲ့ မာဒိုကာက အာရာတာကို စိတ်ဝင်စားနေကြောင်း ဖွင့်ပြောလာတဲ့အခါ ကိုယ့်ခံစားချက်ကို မပြောဘဲ အားပေးလိုက်မိပါတယ်။ မာဒိုကာကလည်း သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကို မခံစားနိုင်ဖြစ်နေတာပါ။ တစ်နေ့ မီအိုနဲ့ အာရာတာတို့ လျှောက်လည်ကြရင်း စကားများပြီး စကားလွန်သွားကြတယ်။ ပြန်တောင်းပန်ဖို့ မီအို အပြေးသွားတဲ့လမ်းမှာ မတော်တဆမှုတစ်ခု ကြုံရပြီး ဝိညာဉ်လွင့်သွားပါတော့တယ်။ ကိုယ့်ခံစားချက်အစစ်အမှန်ကို မပြောလိုက်ရသေးတဲ့ မီအိုက ဘဝမကူးဘဲ ကြားကမ္ဘာထဲကနေ လူ့လောကဆီ ပြန်နိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိတဲ့ ဒါရိုက်တာ Yoshinobu Sena ရဲ့ ဒီအန်နီမေးရှင်းဇာတ်ကားမှာ မီအို လူ့လောကကို ပြန်ရောက်နိုင်ပါ့မလား၊ လမ်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲဆိုတာကို လိုက်ကြည့်ရပါတယ်။ အာရာတာက မီအိုအပေါ် ဘယ်လိုသဘောထားလဲဆိုတာလည်း သိရဖို့ ကျန်နေပါသေးတယ်။

ဇာတ်လမ်းအကြောင်း