ဇာတ်ကားများ ရွေးရန်

After the Pandemic

2022ဇာတ်ကားအမှတ် 3.2/1084 မိနစ်

ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် လူသန်းပေါင်းများစွာ သေဆုံးသွားတဲ့အချိန်မှာ လူငယ်တွေကိုတော့ ဒီရောဂါပိုးက မသက်ရောက်နိုင်ဘူးဆိုတာ တွေ့လာကြပါတယ်။ အခွင့်ထူးခံလူတန်းစားတွေက လူငယ်တွေရဲ့ ရောဂါခုခံနိုင်စွမ်းကို ရယူချင်တာကြောင့် သူတို့ကို ဓာတ်ခွဲခန်းထဲမှာ လေ့လာစမ်းသပ်ဖို့ ကြံစည်လာတယ်။ ဒီအန္တရာယ်ကနေ လွတ်ဖို့ လူငယ်တွေ ထွက်ပြေးပုန်းရှောင်ကြရပြီး အပြင်မှာ လူငယ်တွေကို မတွေ့ရသလောက် ဖြစ်လာပါတယ်။ အယ်လီလည်း ပုန်းရှောင်နေရသူတွေထဲက တစ်ယောက်ပါ။ နောက်ကနေ လိုက်ဖမ်းနေတဲ့ အစိုးရအဖွဲ့ဝင်တွေလက်က လွတ်အောင် ကြိုးစားရင်း ကွင်းဆိုတဲ့ ကောင်မလေးနဲ့ တွေ့သွားတယ်။ ကွင်းနဲ့ တွေ့ပြီးနောက်မှာတော့ ဒီလိုအခြေအနေထဲ ဘယ်လိုအသက်ရှင်အောင် နေရမလဲဆိုတာကို အယ်လီ ပိုနားလည်လာပါတယ်။ ရောဂါပိုးပျံ့နှံ့ပြီးနောက် ပြောင်းလဲသွားတဲ့ကမ္ဘာမှာ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက် အသက်ရှင်ဖို့ ကြိုးစားကြရတဲ့အကြောင်းကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း