ဇာတ်ကားများ ရွေးရန်

One Way

2022ဇာတ်ကားအမှတ် 6.2/1096 မိနစ်

ဖရက်ဒီက သူအလုပ်လုပ်နေတဲ့ လူမိုက်ဂိုဏ်းဆီက ပိုက်ဆံတွေနဲ့ ဘိန်းဖြူတွေကို ခိုးပြီး ထွက်ပြေးလာတဲ့ ကောင်လေးတစ်ယောက်ပါ။ အစီအစဉ်မှာ သုံးယောက်ပါပေမဲ့ တစ်ယောက်က အဖမ်းခံလိုက်ရပြီး ဖရက်ဒီကိုယ်တိုင်လည်း သေနတ်ဒဏ်ရာ ရသွားတယ်။ သူတို့ကို စောင့်နေတဲ့ ကားသမားကပါ သေနတ်သံကြားတာနဲ့ ထွက်ပြေးသွားတော့ ဖရက်ဒီဟာ ကိုင်ရိုဆီသွားမယ့် ဘတ်စ်ကားပေါ် ရောက်လာပါတယ်။ သေနတ်ဒဏ်ရာနဲ့ ဘတ်စ်ကားပေါ်ပါလာတဲ့ ဖရက်ဒီ ဘာတွေဆက်ကြုံရမလဲ။ ဂိုဏ်းထဲက ဘယ်သူ့ဆီက ပိုက်ဆံနဲ့ ဘိန်းဖြူတွေကို ခိုးလာတာလဲ၊ ဘယ်သူ့အတွက် ဒီလောက်အထိ စွန့်စားခဲ့တာလဲဆိုတာလည်း သိရဖို့ ကျန်နေသေးတယ်။ သူအားကိုးထားတဲ့ အဖေက သူ့ကို ဘယ်လိုဆက်ဆံမလဲဆိုတာကိုလည်း ဆက်တွေ့ရမှာပါ။ ဒီအက်ရှင်သည်းဖိုဇာတ်လမ်းမှာ သားသမီးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တဲ့ မိဘတွေနဲ့ ကိုယ့်အကျိုးကိုသာ ကြည့်ပြီး သားသမီးကိုတောင် ထည့်မတွက်နိုင်တဲ့ မိဘမျိုး နှစ်ဖက်လုံးကို ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း