Adam by Eve: A Live in Animation
အထက်တန်းကျောင်းသူနှစ်ယောက်ဖြစ်တဲ့ Aki နဲ့ Taki တို့ ကျောင်းဆင်းပြီး ကော်ဖီဆိုင်မှာ ထိုင်နေကြတုန်း Taki က ထူးဆန်းတဲ့အိပ်မက်တစ်ခုအကြောင်း ပြောပြပါတယ်။ အိပ်မက်ထဲမှာ မျက်လုံးတစ်လုံးတည်းပါတဲ့ မကောင်းဆိုးဝါးနဲ့ တွေ့ခဲ့ရတာပါ။ အဲဒီနောက် အအေးထပ်ဖြည့်ဖို့ ထသွားတဲ့ Taki ဟာ ပြန်ရောက်မလာတော့ဘူး။ အချစ်ဆုံးသူငယ်ချင်းကို Aki လိုက်ရှာရင်း တခြားလူတွေလည်း အဲဒီမျက်လုံးတစ်လုံးနဲ့ မကောင်းဆိုးဝါးကို အိပ်မက်မက်ကြတယ်ဆိုတာ သိလာရတယ်။ ဒီကနေ မကောင်းဆိုးဝါးဖန်တီးထားတဲ့ ထူးဆန်းတဲ့လောကအကြောင်းကိုပါ စူးစမ်းမိလာပါတယ်။ Taki ပြောခဲ့တာတွေကို ပြန်စဉ်းစားပြီး သဲလွန်စနောက်လိုက်ရာက Shibuya မြို့ဆီ ရောက်သွားတဲ့အခါ ဘယ်လိုပဟေဠိတွေနဲ့ ဆက်ကြုံရမလဲ။ ဒီဇာတ်ကားကို ဖန်တီးသူ Eve ဟာ ဂျပန်တေးရေးဆရာ၊ အဆိုတော်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်ပြီး Jujutsu Kaisen ရဲ့ အဖွင့်သီချင်းအပါအဝင် Anime အများအပြားမှာ သီချင်းတွေ သီဆိုထားသူပါ။ သူ့ရဲ့သီချင်းတွေ ပါဝင်တဲ့ ဒီလက်ရာမှာ လူသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့အပိုင်း၊ Animation နဲ့ ဂီတတို့ကို ပေါင်းစပ်ထားပါတယ်။ ကြာချိန် ၅၈ မိနစ်ရှိပြီး Netflix က ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း