The Cinderella Addiction
ကလေးတွေကို တိုင်ပင်စောင့်ရှောက်ပေးတဲ့ဌာနမှာ အလုပ်လုပ်နေတဲ့ ကိုဟရုဟာ အသက် ၁၂ နှစ်ကတည်းက မိခင်ရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရသူပါ။ မိခင်မေတ္တာငတ်ခဲ့ရတဲ့သူမက တာဝန်မယူဘဲ ထွက်သွားတဲ့အမေကို မုန်းသလို ကိုယ်တိုင်လည်း အမေ့လိုလူမျိုး မဖြစ်ချင်ဘူး။ သူ့အဖေက စက်ဘီးဆိုင်လေးဖွင့်ထားပြီး ညီမကတော့ အထက်တန်းကျောင်းသူပါ။ တစ်နေ့ အဘိုးဖြစ်သူ ရေချိုးခန်းထဲမှာ မူးလဲလို့ ဆေးရုံကို အပြေးအလွှားပို့ကြရင်း အိမ်မှာ ထွန်းထားခဲ့တဲ့ ခြင်ဆေးခွေကနေ မီးစွဲလောင်သွားပါတယ်။ နေစရာမရှိတော့လို့ ရည်းစားအိမ်မှာ ခဏတည်းဖို့ သွားပြန်တော့လည်း ဖောက်ပြန်နေတာကို ပက်ပင်းမိသွားတယ်။ အိမ်လည်းဆုံးရှုံး၊ ရည်းစားရဲ့သစ္စာဖောက်မှုကိုလည်း ခံလိုက်ရတဲ့ ကိုဟရုဟာ စိတ်ပျက်လက်ပျက်နဲ့ လမ်းလျှောက်လာရင်း ရထားသံလမ်းပေါ် လဲနေတဲ့လူတစ်ယောက်ကို ကယ်တင်လိုက်ပါတယ်။ အဲဒီလူက ကိုယ်ပိုင်ဆေးရုံရှိတဲ့ ဒေါက်တာ ဒိုင်ဂေါ့ အိဇုမိဇဝပါ။ အချစ်ရေးပျက်ပြီး အလုပ်မှာပါ အဆင်မပြေတဲ့အချိန် သူငယ်ချင်းတွေက ကိုဟရုကို ယောက်ျားကောင်းကောင်းယူပြီး အိမ်ရှင်မလုပ်ဖို့ အကြံပေးကြတယ်။ သူမလည်း ကိုယ့်ဘဝကို ကယ်တင်ပေးနိုင်မယ့်သူလို့ ထင်ရတဲ့ ချမ်းသာသူ ဒိုင်ဂေါ့ကို ဆက်သွယ်လိုက်ပါတယ်။ ဒိုင်ဂေါ့ရဲ့ဇနီးက ဆုံးသွားတာကြာပြီဖြစ်ပြီး အသက်ရှစ်နှစ်အရွယ် သမီးလေးတစ်ယောက် ရှိတယ်။ သမီးလေးကလည်း ကိုဟရုနဲ့ အဆင်ပြေပြီး သူမကို အလွန်ချစ်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား တစ်လအတွင်းမှာပဲ လက်ထပ်လိုက်ကြတယ်။ ကိုဟရုက သမီးလေးကို မိခင်တစ်ယောက်လို ချစ်ပေးဖို့၊ အိမ်ရှင်မကောင်းဖြစ်ဖို့ ကြိုးစားပေမယ့် စိတ်ဒဏ်ရာကိုယ်စီရှိနေတဲ့ သူတို့ကြားမှာ ပြဿနာတွေ စပေါ်လာပါတယ်။ ကောင်းမွန်တဲ့ဘဝတစ်ခု ရတော့မယ်လို့ ထင်ပြီး အလျင်အမြန်တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးထဲမှာ သူမမသိခဲ့တဲ့ လျှို့ဝှက်ချက်တွေနဲ့ အမှောင်ခြမ်းတွေ ရှိနေခဲ့တာပါ။ ပုံပြင်ထဲက စင်ဒရဲလားလို လက်ထပ်ပြီးနောက် ပျော်ရွှင်သွားမယ်လို့ မျှော်လင့်ထားတဲ့ ကိုဟရုဟာ အဲဒီအရာတွေကို ရင်ဆိုင်လာရပါတယ်။ ကိုဟရုရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Alice in Borderland ထဲက Usagi အဖြစ် ပါဝင်ခဲ့တဲ့ Tsuchiya Tao နဲ့ Tanaka Kei တို့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း