ဇာတ်ကားများ ရွေးရန်

I Don’t Fire Myself

2021ဇာတ်ကားအမှတ် 7.0/10111 မိနစ်

ဘတ်ဂျောင်အွန်းဟာ ရုံးချုပ်ကနေ လက်အောက်ခံကုမ္ပဏီတစ်ခုဆီ တစ်နှစ်ကြာ ရွှေ့ပြောင်းခံလိုက်ရပါတယ်။ ပတ်ဝန်းကျင်အသစ်နဲ့ အလုပ်သစ်ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း အောက်ခြေဝန်ထမ်းတွေရဲ့ဘဝဟာ သူထင်ထားသလောက် မလွယ်ကူဘူးဆိုတာ သိလာရတယ်။ ဒီမှာ အလုပ်လုပ်နေသူတွေက တာဝါတိုင်တွေကို အသက်စွန့်ပြီး ပြုပြင်ထိန်းသိမ်းနေကြရတာပါ။ သူတို့အတွက်တော့ အသက်အန္တရာယ်ထက် အလုပ်ပြုတ်သွားမှာကို ပိုကြောက်နေရတယ်။ နေထိုင်စားသောက်ဖို့ အားထားရတဲ့လစာ ရပ်သွားလို့မဖြစ်တာကြောင့် အလုပ်မြဲဖို့ ရုန်းကန်သည်းခံနေကြရပါတယ်။ တစ်ဖက်မှာလည်း ကုမ္ပဏီက သူတို့ကို ပေါ့ပေါ့တန်တန် ဆက်ဆံနေတယ်။ အဲဒီဝန်ထမ်းတွေနဲ့ အသစ်ရောက်လာတဲ့ ဘတ်ဂျောင်အွန်းတို့ ဘယ်လိုဆက်ကြုံကြရမလဲဆိုတာကို ဇာတ်လမ်းက လိုက်ပြထားပါတယ်။ ဘတ်ဂျောင်အွန်းအဖြစ် ယူဒါအင်းက သရုပ်ဆောင်ထားပြီး ဝန်ထမ်းအဖွဲ့ထဲက အငယ်ဆုံးအဖြစ် အိုဂျောင်းဆယ်က ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း