ဇာတ်ကားများ ရွေးရန်

Exposure 36

2021ဇာတ်ကားအမှတ် 5.8/1090 မိနစ်

ကမ္ဘာပျက်ဖို့ သုံးရက်ပဲ ကျန်တော့တဲ့အချိန်မှာ လူတွေဟာ ကျန်နေတဲ့အချိန်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းနေကြပါတယ်။ တချို့က ဘာမှမဖြစ်သလို ပုံမှန်နေကြပြီး တချို့က လွတ်နိုင်မယ့်နေရာဆီ ပြေးကြတယ်။ နောက်ဆုံးအနေနဲ့ အကောင်းဆုံးအလုပ်တစ်ခု လုပ်သွားဖို့ ကြိုးစားသူတွေရှိသလို တစ်သက်လုံး မရခဲ့တဲ့လွတ်လပ်မှုကို အပြည့်အဝခံစားသူတွေလည်း ရှိပါတယ်။ ကိုယ့်အသက်ကိုယ် အဆုံးစီရင်သူတွေ များနေပြီး လိင်ဆက်ဆံရင်းပဲ အချိန်ကုန်ဆုံးနေသူတွေလည်း ရှိတယ်။ ဆေးရောင်းသမားလည်းဖြစ်၊ ဓာတ်ပုံဆရာလည်းဖြစ်တဲ့ ကမ်မရွန်ကတော့ မထင်မှတ်ဘဲ မွေးစားညီမတစ်ယောက် ရလာသလို ရာဇဝတ်ကောင်ကြီးတွေနဲ့လည်း ပြဿနာတက်နေပါတယ်။ သူ့ဆီမှာ နောက်ဆုံးကျန်တဲ့ ဖလင်လိပ်တစ်လိပ်ရှိပြီး အဲဒီဖလင်ကနေ ရနိုင်မယ့် ဓာတ်ပုံ ၃၆ ပုံကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုရိုက်သွားမလဲဆိုတာ ဇာတ်လမ်းတစ်လျှောက် တွေ့ရမှာပါ။ ကမ္ဘာပျက်ခါနီး မြို့တစ်မြို့ကို မှိုင်းမှိုင်းပြပြ ပုံဖော်ထားတဲ့ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာ မျှော်လင့်ချက်မရှိတော့တဲ့ လူတွေရဲ့ စိတ်ဓာတ်ကျမှု၊ အထီးကျန်မှုနဲ့ စိတ်အခြေအနေအမျိုးမျိုးကို တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း