Max Payne
နယူးယောက်က စုံထောက် မက်စ်ပိန်းရဲ့ ဇနီးမီရှဲလ်နဲ့ မွေးကင်းစကလေးဟာ တစ်နေ့မှာ ဓားပြတစ်စုရဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ တရားခံတွေ လွတ်မြောက်သွားပြီး ဘယ်လောက်စုံစမ်းစုံစမ်း အမှုမှန်က မပေါ်လာဘူး။ မိသားစုကို ဆုံးရှုံးထားရလို့ စိတ်ဆင်းရဲနေတဲ့ မက်စ်ဟာ အမှုစာရင်းသွင်းရတဲ့ စာရေးသာသာရာထူးအထိလည်း ချခံလိုက်ရတယ်။ ဒါပေမယ့် မက်စ်က လက်မလျှော့ဘဲ ဆက်စုံစမ်းနေပါတယ်။ အဲဒီလို စုံစမ်းရင်း မထင်မှတ်ထားတဲ့ ထူးဆန်းမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ သူ့ဇနီးနဲ့ကလေးကို သတ်ခဲ့သူတွေကို ကိုယ်တိုင်တရားစီရင်နိုင်ပါ့မလား။ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Mark Wahlberg နဲ့ Mila Kunis တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း