Bawaal
အဂျူးဟာ မြို့လေးတစ်မြို့မှာ လူတကာရဲ့ အထင်ကြီးအားကျမှုကို ရထားတဲ့သူပါ။ ဒါပေမယ့် အဲဒီလို လေးစားခံရအောင် သူက အလိမ်အညာတွေနဲ့ ကိုယ့်ပုံရိပ်ကို တည်ဆောက်ထားခဲ့တာဖြစ်တယ်။ လက်ထပ်မယ့်အချိန်မှာတောင် သတို့သမီးလောင်းကို ကိုယ့်ပုံစံအမှန် မပြခဲ့ဘဲ မုသားတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ လူအထင်ကြီးခံချင်တဲ့ အဂျူးက ဇနီးသည်ရဲ့ရောဂါကြောင့် လူပုံအလယ်မှာ အရှက်ကွဲရလိမ့်မယ်လို့ တွေးနေတယ်။ ဒါကြောင့် ဘယ်ကိုပဲသွားသွား ဇနီးကို ခေါ်မသွားခဲ့ဘူး။ သူများတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာကိုပဲ ဂရုစိုက်နေတဲ့ အဂျူးနဲ့ သူ့ဇနီးတို့ကြားက ဆက်ဆံရေးဟာ ဘယ်လိုဆက်ဖြစ်လာမလဲ။ ကိုယ့်ပုံစံအမှန်ကို ဖုံးကွယ်ပြီး လူအထင်ကြီးအောင် နေထိုင်ချင်တဲ့စိတ်အကြောင်းကို တင်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် ဟင်ဒီစကားပြော ဘောလိဝုဒ်ဇာတ်ကားဖြစ်ပြီး ဗာရွန်းနဲ့ ဂျန်ဗီကပူးရ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း