ဇာတ်ကားများ ရွေးရန်

Longling Insect Valley

2022ဇာတ်ကား68 မိနစ်

လုံလင်ပိုးမွှားတောင်ကြားမှာ အဆိပ်ရှိတဲ့ မြွေကြီးတွေ၊ ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ ထူးဆန်းတဲ့သတ္တဝါတွေ ကျက်စားနေကြပါတယ်။ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့ ရှေးဟောင်းသားရဲတွေလည်း ရှိတယ်လို့ ဆိုကြတယ်။ ဝင်သွားရင် ပြန်လမ်းမရှိတဲ့ နေရာလို့ ပြောကြပေမယ့် အဲဒီမှာ သေဆုံးပြီးနောက် ပြန်လည်မွေးဖွားနိုင်စွမ်းရှိတဲ့ သတ္တဝါတစ်မျိုး ရှိတယ်ဆိုတဲ့ အကြောင်းလည်း ထွက်ပေါ်နေပါတယ်။ ဒီသတ္တဝါကို မျက်မြင်တွေ့ဖူးတဲ့ ဇီဝဗေဒပါမောက္ခတစ်ယောက်ကတော့ အရူးလို့ သတ်မှတ်ခံရပြီး အလုပ်ကပါ ထွက်ခဲ့ရတယ်။ သူက သတ္တဝါတကယ်ရှိကြောင်း သက်သေပြချင်နေပါတယ်။ တစ်ဖက်မှာလည်း တောင်ကြားကို သုတေသနသွားလုပ်ရင်း ပျောက်ဆုံးသွားတဲ့ ပါမောက္ခတစ်ဦးရဲ့သားက အဲဒီနေရာအကြောင်း တိတ်တဆိတ် စုံစမ်းနေတယ်။ သူတို့နှစ်ယောက်နဲ့ ကုလို့မရတဲ့ရောဂါ ခံစားနေရတဲ့ လူချမ်းသာအဘိုးကြီးတစ်ယောက် တွေ့ဆုံကြတဲ့အခါ လုံလင်ပိုးမွှားတောင်ကြားဆီ သွားမယ့်ခရီး စတင်လာပါတယ်။ ရည်ရွယ်ချက်မတူကြတဲ့ ဒီလူတွေဟာ လမ်းတစ်လျှောက်က ပဟေဠိတွေကို ဖြေရှင်းရင်း ရှေးဟောင်းသတ္တဝါတွေကို ရင်ဆိုင်ကြရမှာပါ။ မသေမျိုးဖြစ်စေနိုင်တယ်ဆိုတဲ့ သတ္တဝါက တကယ်ရှိသလား၊ ဒီခရီးမှာ ဘယ်သူတွေက ကိုယ့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ပြီး ဘယ်သူတွေ ကျဆုံးသွားမလဲဆိုတာ မသိနိုင်သေးပါဘူး။

ဇာတ်လမ်းအကြောင်း