Faqiu: The Lost Legend
ခွန်းလွန်တောင်ဟာ ကောင်းကင်ဘုံက နတ်ဘုရားတွေ ကျင့်ကြံအားထုတ်ရာနေရာဖြစ်ပြီး သာမန်မျက်စိနဲ့ မမြင်နိုင်ဘူးလို့ ဆိုကြပါတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ ကျောရိုးလို့ တင်စားကြတဲ့ ဒီနေရာမှာ နတ်ဘုရားရာချီ တည်ဆောက်ထားတဲ့ ရတနာတိုက်နဲ့ ရှေးဟောင်းအုတ်ဂူအများအပြား ရှိတယ်လို့လည်း ဆိုကြတယ်။ ထျန်းကွမ်းစာအုပ်မှာတော့ တောင်တန်းတွေကြားက အထွတ်အမြတ်ရတနာတွေဆီ ကျောက်မင်က လမ်းပြလိမ့်မယ်လို့ ရေးထားပါတယ်။ ကျောက်မင်ဆိုတာ ရတနာတိုက်ရဲ့သော့ချက်လို့ လူသိများတဲ့ ရှေးဟောင်းကြေးမုံတစ်ချပ်ပါ။ ရတနာကို လောဘတက်ပြီး ခွန်းလွန်ဆီ သွားခဲ့တဲ့ သင်္ချိုင်းဂူဖောက်သမားတွေကတော့ ပြန်မလာနိုင်ဘဲ အထဲမှာ သေဆုံးကုန်ကြတယ်။ သားရဲတိရစ္ဆာန်တွေ၊ နက်လှတဲ့ ချောက်ကမ်းပါးတွေနဲ့ အလောင်းတွေ၊ အရိုးစုတွေ ပြန့်ကျဲနေတဲ့ ခွန်းလွန်ဟာ သွားသူတွေ ပြန်မလာတဲ့ နေရာအဖြစ် ကြောက်စရာဖြစ်နေပါတယ်။ ကျန်းဝမ်ဖုန်းကတော့ ကိုယ့်တိုင်းပြည်ရဲ့ အမွေအနှစ်တွေကို တိုင်းတစ်ပါးသားတွေ လက်ဝါးကြီးအုပ်မယ့်အရေးက ကာကွယ်ဖို့ ခွန်းလွန်ဆီ သွားရတော့တယ်။ နောက်ရည်ရွယ်ချက်တစ်ခုက လွန်ခဲ့တဲ့ ၁၇ နှစ်မှာ ခွန်းလွန်ကို သွားရင်း ပျောက်ဆုံးသွားတဲ့ သူ့အဖေအကြောင်း စုံစမ်းဖို့ပါ။ ဒါပေမယ့် အဲဒီကို ရောက်လာတာ သူတို့တစ်ဖွဲ့တည်း မဟုတ်ဘူး။ တိုင်းတစ်ပါးက အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်တွေ့ကြတဲ့အခါ အဲဒီအဖွဲ့ခေါင်းဆောင်က လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက သူ့အဖေနဲ့ အတူသွားခဲ့သူရဲ့ တပည့်ဖြစ်နေပါတယ်။
ဇာတ်လမ်းအကြောင်း