ဇာတ်ကားများ ရွေးရန်

Flyboys

2006ဇာတ်ကားအမှတ် 6.5/10138 မိနစ်

ပထမကမ္ဘာစစ် ဖြစ်နေတဲ့ ၁၉၁၆ ခုနှစ်မှာ အမေရိကန်က စစ်ထဲ မဝင်သေးပါဘူး။ ဒါပေမယ့် စစ်တိုက်ချင်၊ လေယာဉ်မောင်းချင်ကြတဲ့ အမေရိကန်လူငယ်တချို့ကတော့ စစ်ပညာသင်ပေးမယ့် ပြင်သစ်နိုင်ငံဆီ သွားပြီး စစ်ထဲ ဝင်ကြပါတယ်။ Flyboys ဟာ အဲဒီကာလက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ သူတို့အတွက် လေယာဉ်နဲ့ တာဝန်ထွက်ရတိုင်း အသက်ပြန်ပါလာမလားဆိုတာ မသေချာဘူး။ ကျဆုံးသူတွေ များလာတာနဲ့အမျှ သေဆုံးသတင်းတွေကလည်း ကြားနေကျ ဖြစ်လာတယ်။ မနေ့က အတူရှိခဲ့သူ ဒီနေ့ကျဆုံးသွားတဲ့အခါ လက်စားချေဖို့ အချိန်စောင့်ရင်း အရက်နဲ့ ဖြေသိမ့်သူတွေ ရှိသလို နောက်လူတွေကို ကာကွယ်ဖို့ အသက်စတေးသူတွေလည်း ရှိပါတယ်။ သူတို့ရဲ့ စစ်တွင်းဘဝနဲ့အတူ ကောင်းကင်ပေါ်မှာ လေယာဉ်အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေကိုလည်း ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း