The Thousand Faces of Feijia
အေးချမ်းတဲ့ ရွာငယ်လေးတစ်ရွာမှာ ခြင်းတောင်းယက်ရောင်းပြီး အသက်မွေးကြတဲ့ သားအဖနှစ်ယောက် ရှိပါတယ်။ မျက်စိမမြင်တဲ့ အဖေက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေချင်ပေမယ့် သားကတော့ တစ်နေ့နေ့မှာ လူတွေကို ကယ်တင်ပေးနိုင်တဲ့ လူစွမ်းကောင်းတစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်နေတယ်။ အဖေလည်း သားဖြစ်သူ ပေါက်ကရတွေလုပ်ပြီး ဒုက္ခမရောက်အောင် တားနေရသလို သစ်ပင်ကြီးတစ်ပင်ဆီမှာလည်း အမြဲဆုတောင်းပေးနေရပါတယ်။ သားရဲ့အိပ်မက်က အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ယောင်ဖျောက်နိုင်တဲ့ စွမ်းအင်တစ်မျိုး ရှိနေပြီး ဒီအစွမ်းနဲ့ လူစွမ်းကောင်းဖြစ်နိုင်မယ်လို့ ယုံကြည်နေတာပါ။ ခက်တာက ကိုယ်ယောင်ဖျောက်ဖို့ ကြိုးစားတိုင်း အောင်မြင်တာမဟုတ်ဘဲ တစ်ခါရလိုက်၊ တစ်ခါမရလိုက် ဖြစ်နေတယ်။ ဒီလိုအစွမ်းမျိုးနဲ့ သူ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ။ လူသားတစ်ယောက်ဖြစ်တဲ့ သူ့ဆီကို ဒီစွမ်းအင် ဘယ်လိုရောက်လာသလဲဆိုတာလည်း မေးစရာဖြစ်နေပါတယ်။
ဇာတ်လမ်းအကြောင်း