Drive All Night
တက္ကစီသမားတစ်ယောက်က မော်တယ်တစ်ခုမှာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို ခရီးသည်အဖြစ် တင်လာခဲ့ပါတယ်။ သူမက Arcade ဂိမ်းတွေမှာ အထူးကျွမ်းကျင်သူဖြစ်ပြီး သူမကို ဖမ်းဖို့ ကြိုးစားနေသူတွေလည်း ရှိနေတယ်။ မာဖီးယားတစ်ယောက်လို့ ထင်ရတဲ့ လူတစ်ယောက်နဲ့ သူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်ပါ။ ဇာတ်လမ်းက ဒီမိန်းကလေးနဲ့ တက္ကစီသမားတို့ ကားပတ်မောင်းကြတဲ့ တစ်ညတာကို လိုက်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီဒရာမာကားမှာ သေဆုံးခြင်းကို ကြောက်တာဟာ လက်ရှိဘဝကို ဆုံးရှုံးရမှာ ကြောက်တာလားဆိုတဲ့ အတွေးကနေ ဘဝရဲ့ရွေးချယ်မှုတွေအထိ တွေးစရာတွေ ပါလာတယ်။ လက်လွှတ်ရမယ့်အရာရဲ့ တန်ဖိုးကြီးလေ ဆုံးဖြတ်ရခက်လေဖြစ်ပြီး အကြောက်တရားကြောင့် ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ မှားနိုင်သလို မှန်လည်းမှန်နိုင်ပါတယ်။ ရွေးထားတဲ့လမ်းရဲ့ အဆုံးကို မရောက်သေးခင်မှာ အဖြေကို သိနိုင်ပါ့မလား။ ကစားပွဲတစ်ခုမှာ ကျွမ်းကျင်မှု၊ နားလည်မှု၊ ဖြတ်ထိုးဉာဏ်နဲ့ ဗျူဟာတွေအပြင် ခံစားချက်ကို ဘယ်လိုကိုင်တွယ်သလဲဆိုတာလည်း မေးခွန်းထုတ်ထားတယ်။ ခံစားချက်ကို ထိန်းချုပ်တာနဲ့ လိုရာဘက်ကို ဦးတည်ပေးနိုင်တာ ဘယ်လိုကွာသလဲ၊ အခွင့်အရေးဆိုတာ သော့မခတ်ထားတဲ့တံခါးကို ကိုယ်တိုင်ဖွင့်ဖို့ လိုနေတာမျိုးလားဆိုတဲ့ အတွေးတွေကို ဇာတ်ကွက်နဲ့ စကားပြောခန်းတွေကြားမှာ ထည့်ထားပါတယ်။
ဇာတ်လမ်းအကြောင်း