ဇာတ်ကားများ ရွေးရန်

Proof of Payment

2023ဇာတ်ကား

လီဖာဟာ ငယ်သူငယ်ချင်းဖြစ်တဲ့ “နံနက်စာ” နဲ့အတူ လူလိမ်လုပ်ပြီး ငွေရှာနေသူပါ။ သူတို့က ခိုးတာ၊ လုတာမလုပ်ဘဲ လိမ်လည်တဲ့နည်းကိုပဲ ကျွမ်းကျွမ်းကျင်ကျင် သုံးကြတယ်။ လီဖာက အကြံထုတ်ပြီး “နံနက်စာ” ကတော့ အဲဒီအကြံအတိုင်း သရုပ်ဆောင်ပေးပါတယ်။ သူတို့ပစ်မှတ်က အပြစ်မဲ့သူတွေ မဟုတ်ဘဲ လောဘမသတ်နိုင်တဲ့သူတွေပါ။ ရလာတဲ့ငွေနဲ့ အဘွားကို ထောက်ပံ့သလို အိမ်နီးချင်းတွေကိုလည်း ကူညီကြတယ်။ ဒါပေမဲ့ လိမ်စားတဲ့အလုပ်က အမြဲအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ တစ်နေ့မှာ အလုပ်အဆင်မပြေဖြစ်ခဲ့ပြီး ပါတီတစ်ခုကို သွားရင်း လီဖာက မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒီတစ်ခါတော့ တကယ်ချစ်မိသွားတာမို့ သူ့အတွက် လိမ်စားတဲ့ဘဝကနေ ထွက်ဖို့ လီဖာ စိတ်ကူးလာပါတယ်။ ဒီဘဝကို သူစွန့်လွှတ်နိုင်ပါ့မလား၊ နောက်ထပ် ဘယ်လိုလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း