Strange Talk About Heishiling
ပဟေဠိတွေနဲ့ စကားပုံတွေကြားက ဟယ်ရှီလင်မှာ လူသိများတဲ့နေရာတစ်ခုက နာကြည်းချက်မြစ်ပါ။ အငြိုးအာဃာတ၊ မကျေနပ်ချက်တွေနဲ့ သေဆုံးသွားသူတွေဟာ မကျွတ်မလွတ်ဘဲ ဒီမြစ်မှာ သရဲတစ္ဆေဖြစ်နေကြလို့ အဲဒီနာမည် ရလာတာဖြစ်ပါတယ်။ လတိုင်း ၁၅ ရက်နေ့ရောက်ရင် မှော်ဆရာတွေက မြစ်ဆီသွားပြီး ဝိညာဉ်တွေကို ဆင့်ခေါ်ကာ အာဃာတတွေ လွှတ်ချပြီး လူပြန်ဝင်စားနိုင်ဖို့ လုပ်ပေးကြရတယ်။ မလုပ်ပေးနိုင်ဘဲ ဝိညာဉ်တွေကို စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခကျပြီး လူတွေ သေကြေပျက်စီးရမယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းက အခေါင်းဆိုင်အလုပ်သမား ကျိုးလော့ဟန် ပျောက်ဆုံးသွားရာက စပါတယ်။ သူဟာ လျိုအိမ်တော်က လူနှစ်ယောက် သေဆုံးချိန်မှာ ရှိနေခဲ့သူဖြစ်ပြီး သူ့ဇနီးသေဆုံးပြီးနောက်မှာတော့ ပျောက်သွားခဲ့တာပါ။ ဒီကိစ္စကို စုံစမ်းဖို့ စုံထောက်လျို ဟယ်ရှီလင်ကို ရောက်လာပါတယ်။ သရဲတစ္ဆေတွေကို အယုံအကြည်မရှိတဲ့ စုံထောက်လျိုအတွက် ဒီနေရာမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေ စောင့်နေမလဲ။ တရားခံအစစ်က ဘယ်သူလဲ၊ သူကိုင်တွယ်နေတဲ့ကိစ္စကို ဖြေရှင်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။
ဇာတ်လမ်းအကြောင်း