ဇာတ်ကားများ ရွေးရန်

The Pale Blue Eye

2022ဇာတ်ကားအမှတ် 6.9/10130 မိနစ်

တစ်ချိန်က နယူးယောက်မှာ နာမည်ကြီးခဲ့တဲ့ စုံထောက်ဩဂတ်စတပ် လန်ဒေါဟာ အကြောင်းတချို့ကြောင့် မြို့လေးတစ်မြို့မှာ ဇာတ်မြှုပ်နေထိုင်နေပါတယ်။ ဒါပေမယ့် သူရှိနေတဲ့မြို့က စစ်သင်တန်းကျောင်းမှာ ထူးဆန်းတဲ့အမှုတစ်ခု ဖြစ်လာတယ်။ ဗိုလ်လောင်းတစ်ယောက် ကြိုးဆွဲချသေဆုံးပြီးနောက် အလောင်းထဲက နှလုံး ခိုးယူခံလိုက်ရတာပါ။ လန်ဒေါက သဲလွန်စတွေကို လိုက်စုံစမ်းရင်း ဒီသေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရတာဖြစ်ကြောင်း သိလာပါတယ်။ အမှုလိုက်နေချိန်မှာပဲ ကဗျာနဲ့စာပေကို စိတ်ဝင်စားတဲ့ ဗိုလ်လောင်း အီး.အေ.ပိုးနဲ့ ရင်းနှီးလာပြီး ဒီအမှုက ထင်ထားတာထက် ပိုနက်နဲတဲ့ဖြစ်ရပ်တွေနဲ့ ဆက်နွယ်နေမှန်း သူတို့ သိလာကြတယ်။ ပိုးဟာ နောင်မှာ နာမည်ကြီးစာရေးဆရာ ဖြစ်လာမယ့်သူပါ။ Christian Bale က စုံထောက်လန်ဒေါအဖြစ် သရုပ်ဆောင်ထားပါတယ်။ လန်ဒေါနဲ့ ပိုးတို့ ဒီအမှုကို ဆုံးခန်းတိုင် ဖော်ထုတ်နိုင်မလား၊ တရားခံအစစ်က ဘယ်သူလဲဆိုတာ လျှို့ဝှက်ဆန်းကြယ်မှုတွေကြားမှာ ရှာဖွေကြရမှာပါ။

ဇာတ်လမ်းအကြောင်း